Chapter Three

2.7K 353 19
                                    


စိတ်တိုလာရင် နှုတ်ခမ်းတွေကို တင်းတင်းစေ့မယ်၊
စိတ်မရှည်ရင် မျက်တောင်မြန်မြန်ခတ်မယ် ဒေါသထွက်လာရင် လက်သီးဆုပ်ပြီး လက်ဖဝါးကို တဖတ်ဖတ်ထိုးနေတက်တဲ့ Jane က ဘောလုံးပွဲကို စိတ်ရောကိုယ်ပါ နှစ်ပြီး အားပေးနေသည်။

"ပြန်ရအောင် Jane"

"ခဏလေးပါ နင်ကလည်း"

ဘောလုံးကန်နေတဲ့ လူတွေထဲက တစ်ယောက် ခဏခဏလာကြည့်နေတာကြောင့် ဒီနေရာမှာ ကြာကြာနေချင်စိတ်မရှိတော့ပေ။

Jane က ဒါတွေသတိထားမိပုံမပေါ်။ အတန်းထဲက ဝင်ကန်တဲ့ အတန်းဖော်တွေကို မာန်ပါပါအားပေးနေလျက်။

"ပြန်မယ်လို့ နင်မပြန်ချင်ရင်နေခဲ့ ငါသွားပြီ"

"ဟာ ခဏလေးပါဆိုဟာ"


မတ်တပ်ရပ်ပြီး ထလိုက်တော့ Jane က လက်ဖဝါးတွေကိုကိုင်ဆွဲထားရင်း ပြန်ထိုင်ဖို့ပြောသည်။

"ဘောလုံးလာနေတယ်...."


လူတွေဝိုင်းအော်ကြပေမဲ့ အတော်နောက်ကျသွားပြီ။

"Lisa !!!!!!!"

နှာခေါင်းကို အရှိန်အဟုန်ပြင်းပြင်းနဲ့ လာမှန်တဲ့ ဘောလုံးကြောင့် ပါးစပ်တွေအထိ သွေးတွေနဲ့နီရဲသွားသည်။

"Lisa  ငါတောင်းပန်ပါတယ်"

ယိုင်နေတဲ့ ကိုယ်လုံးကို Jane က သူ့ရင်ခွင်ထဲထည့်ပြီး
ကလေးလိုစငိုတော့ နာကျင်မှုကြောင့် ဝဲနေတဲ့မျက်ရည်တွေကြားက Jane မျက်ရည်တွေမြင်ရတာ စိတ်မကောင်းဖြစ်ရသည်။

သူငိုအောင်လုပ်ခဲ့ဖူးတဲ့ လူကြောင့် သူကပြန်ငိုနေတဲ့ Jane ဟာ တကယ်တမ်းကျ ထင်သလောက် မရင့်ကျက်လာခဲ့။

ဆေးပေးခန်းတောက်လျှောက်ငိုပြီး နှာခေါင်းကို ဆေးထည့်ပြီးသည်အထိ ငိုနေတဲ့ Jane ကို ဆရာဝန်အဒေါ်ကြီးက ဓာတ်ဆားရည်ဘူးပေးခဲ့ပြီး ကုတင်နားက ထွက်သွားသည်။

"အရမ်းနာနေလား လီဆာ"

"အင်း"

"တောင်းပန်ပါတယ် နောက်နင်မလုပ်ချင်ဘူးပြောတာနဲ့ ငါထပ်ပြီး ပြန်မပြောတော့ပါဘူး"

A Last JigsawWhere stories live. Discover now