Part 1 (Unicode ver)

431 20 0
                                    

မိဘမဲ့ကလေးဂေဟာလေး၏ စင်ဝင်အောက်၌ ကားကလေးမှာ တုန့်ခနဲ ရပ်သွားပြီး ရိုးရှင်းစွာပင် ဝတ်စားထားသော လူငယ်သုံးယောက် ဆင်းလာကြသည်...။

Idol ဆိုသည့်အတိုင်း အချိန်ပြည့် အလုပ်ရှုပ်နေသော ထို လူငယ်သုံးယောက်မှာ ယနေ့တွင်တော့ မိဘမဲ့ကလေးဂေဟာလေးသို့ လိုအပ်တာလေးတွေကို လာလှူပြီး ကလေးတွေနှင့် ခဏတာ ဆော့ကစားပေးရန် လာခဲ့ခြင်းဖြစ်သည်။

"ခဏလေးနော်..."

ကလေးတွေရှိတဲ့အခန်းဆီ သွားခါနီး Jimin တစ်ယောက် ဖုန်းပြောရန် ခဏပြန်လှည့်ထွက်သွားလေသည်။

Taehyung မှာလည်း အိမ်သာခဏသွားဦးမည်ဟုဆိုကာ ထွက်သွားလေသည်။

သို့နှင့် သူတစ်ယောက်တည်း အခန်းနားလေးဆီ လျှောက်လာတော့ မှန်ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲဝယ် ကလေးတွေ တစ်နေရာ၌ စုနေကြသည်ကို မြင်တွေ့လိုက်ရသည်။ ကလေးများ၏ အလယ်တွင်တော့ ကောင်မလေးတစ်ယောက်... သူမမှာ ကလေးတွေကို စာသင်ပေးနေပုံရသည်။ ထိုစဉ် ကလေးများထံမှ ကဗျာရွတ်သံလေး သံစုံညီစွာ ထွက်လာတော့သည်။ သူမမှာလည်း အကြင်နာမျက်ဝန်းလေးများနှင့် ကလေးများကို တစ်လှည့်စီကြည့်ကာ ပြုံးပြုံးရွှင်ရွှင်နှင့် ကဗျာလိုက်ဆိုပေးနေတာပင်...။

ဒီဆရာမလေးကို အရင်တစ်ခေါက်လာတုန်းက သူ မတွေ့မိပါလားဟု တွေးတောနေစဉ်မှာပင် Jimin တစ်ယောက် ပြန်ရောက်လာလေသည်။

Jimin မှာ သူကြည့်ရာသို့ လိုက်ကြည့်လေတော့ ပါးချိုင့်လေးပေါ်အောင် ပြုံးမိသည်။ ကလေးတွေ စာသင်နေတာပါလား...

"Hyung... Taehyung ရော?"

"အိမ်သာသွားတယ်... ငါတို့လည်း သွားရအောင်..." ပြောရင်းနှင့် ရှေ့မှပင် ဦးစွာ လှည့်ထွက်သွားလေသည်...။

################################

"ကဲ... အားလုံးပဲ မမနဲ့အတူ လိုက်ဆိုကြမယ်နော်..."

ကလေးများအားလုံး၏ အလယ်တွင်ထိုင်ကာ သူမ ပြောနေခြင်းသာ... ကလေးတွေကြားထဲမှာ ပြုံးပြုံးရွှင်ရွှင်နှင့် ကဗျာလေး သင်ပေးနေသောသူမ... ပိတ်ရက်တိုလေး ခဏတာ ရသဖြင့် မြို့ပြင်နားရှိ မိဘမဲ့ကလေးဂေဟာတွင် သူမ လုပ်အားလာပေးနေခြင်းဖြစ်သည်။

HeartfeltWhere stories live. Discover now