"Byeol ရေ ဒီမှာကြည့်ဦး... Kim Tae ဘာလို့ အဲ့လောက်ချောနေရတာလဲ!? ငါသေပြီထင်တယ်!!"
မိမိမှာ အိပ်ပျော်နေပြီဖြစ်သော်လည်း ဘေးနားမှ သူငယ်ချင်းမက အော်ကြီးဟစ်ကျယ်ဆိုကာ သူမလက်မောင်းအား ဆက်တိုက်ရိုက်နေသဖြင့် နိုးလာတော့သည်...။ Soo မိဘများ ခရီးခဏထွက်သွားသဖြင့် သူမအိမ်တွင် အတူလာနေတာပင်...။ သူမမှာ မျက်လုံးပင်ပွတ်၍မအား... Soo ပြသောပုံကို ကပျာကယာ လိုက်ကြည့်မိသည်...။
အပြာရင့်ရောင် မျက်ဝန်းများဖြင့် အကြည့်က မြင်ရသူမိန်းကလေးတိုင်း၏ နှလုံးသားကို လှုပ်ခတ်စေနိုင်သည်...။ ထို့ပြင် နို့ချောကလက်ရောင်အဖျော့စား ဆံပင်ဖြင့် သူမှာ ဂျပန် anime ထဲမှာကဲ့သို့ မိန်းကလေးများစွာ၏အချစ်ကို ညှို ့ယူတော့မည့် လူငယ်ကောင်ကလေးတစ်ဦးလိုပင်...။ မိမိသူငယ်ချင်းမ Soo ယခုကဲ့သို့ဖြစ်နေသည်မှာလည်း နားလည်ပေးနိုင်စရာ မဟုတ်လား...။
"ဟယ် ဒီ concept က မိုက်မယ့်ပုံပဲ..."
Album အသစ်ထွက်တော့မည်ဖြစ်သဖြင့် teaser photos များ ထွက်လာခြင်းဖြစ်သည်...။
Soo လက်ထဲရှိ ဖုန်းကို ယူလိုက်ပြီး အခြား members များ၏ပုံတွေကိုပါ တစ်ယောက်ချင်းစီ စိတ်ဝင်တစား စူးစမ်းမိသည်...။
"ဟဲ့ Byeol... နင်ရော ဘယ်သူ့ကိုကြိုက်လဲဟင်? အခုထိ bias မစဉ်းစားဖူးဘူးလား?"
"Umm... အမှန်တော့ ငါကြည့်တာ အကုန်ချောပါတယ်... ဒါပေမယ့်..." ဟုဆိုကာ ရပ်သွားသဖြင့် သူငယ်ချင်းမက ဆက်ပြောလေဟု သူမအား တံတောင်နှင့်တို့လေသည်...။
"ငါလည်းသေချာ မသိဘူးဟ..."
"ဒါဆို ငါပြောကြည့်မယ်... Jimin လား...?"
"Jimin က ငါတို့နဲ့ တစ်နှစ်တည်းမလား...?"
"အင်းလေ... Tae နဲ့ တူတူပဲကို..."
"Jimin က တော်တော်ချောတယ်... ဒါပေမယ့် bias လားဆိုတော့လည်း သေချာမပြောတတ်ဘူး..."
"အော် သိပြီသိပြီ... Seokjin ပဲ သေချာတယ်..." Soo မှာ လှဲနေရာမှ တံတောင်ကိုအားကိုးကာ ဘေးတစ်စောင်းအနေအထားဖြင့် သူမအား ကြည့်လေတော့သည်...။
"ဘာလို့သေချာရတာလဲ?" သူမကိုယ်တိုင်တောင် သေချာမသိသည်ကို သူငယ်ချင်းမက အတည်ပြောလာသဖြင့် Soo အား စူးစမ်းသောအကြည့်ဖြင့် ပြန်မေးလေသည်...။
YOU ARE READING
Heartfelt
FanfictionI can't express all of my feelings With just the words, I love you My heart is filled with you