"Byeol-ah မြန်မြန်လုပ်ပါဟ... မတွေ့လိုက်ရဘဲ နေဦးမယ်..."
"အေးပါဟယ် ငါလည်း အမြန်သိမ်းနေတာပဲ နင်ကလည်း..."
လွယ်အိတ်ထဲသို့ စာအုပ်များကို အမြန်ထည့်သိမ်းရင်းနှင့်ပင် အလျင်လိုနေသော သူငယ်ချင်းမကို ပြန်ဖြေလိုက်သေးသည်...။
ယနေ့ အတန်းချိန်တစ်ချိန်စာသာ တက်ပြီး ကျန်သည့်အတန်းချိန်များလစ်ကာ သူမတို့နှစ်ယောက်သား BTS comeback stage ကို သွားကြည့်ကြမည်ဖြစ်သည်...။
ဖျော်ဖြေရမည့် ပွဲချိန်မှာ ညနေစောင်းမှသာ ဖြစ်သော်လည်း ဖျော်ဖြေမည့် studio သို့ သူတို့လာမည့်အချိန်နှင့်ကိုက်ကာ ယခု အမီပြေးရဦးမည်...။ သို့မှသာ ဝင်ပေါက်နားလောက်တွင် သူတို့မျက်နှာလေးများကို မြင်နိုင်ပေမည်လေ...။
သူမတို့နှစ်ယောက် မြေအောက်ဘူတာထိပင် မသွားနိုင်... အချိန်ကုန်မည်ကို ကြောက်သဖြင့် taxi ငှားကာ အမြန်လာခဲ့တော့သည်...။
ရောက်လာပြန်တော့လည်း မှန်းဆခဲ့သည့်အတိုင်းပင် ပရိသတ်များမှာ ကြိတ်ကြိတ်တိုး...။ တခြားအဖွဲ့များ၏ ပရိသတ်များပင်လည်း များစွာရှိချေသည်...။
ကင်မရာများ တဖျတ်ဖျတ်နှင့် ရိုက်သံများကြားတွင် သူမတို့နှစ်ယောက် ဖြစ်ချင်ရာဖြစ်ဟုဆိုကာ လူအုပ်ကြားထဲသို့ အတင်းတိုးဝင်လာခဲ့သည်...။
ပိန်သွယ်သော ခန္ဓာကိုယ်လေးများကိုပင် မစာနာနိုင်ဘဲ ရှိသမျှ အားအင်များကို အစွမ်းကုန်သုံးကာ တိုးလာခဲ့ရာ နောက်ဆုံးတွင် ဦးတည်ရာ ဝင်ပေါက်နားသို့ ရောက်ခဲ့သည်...။
အခြားနေရာများတွင် သူတို့မျက်နှာလေးများကို မြင်တွေ့နိုင်ရန် လွယ်ကူမည်မဟုတ်...။ ထို့ကြောင့်သာ သူတို့ မလွဲမသွေ ဝင်ကြရမည်ဖြစ်သော ဤဝင်ပေါက်နားလေးအထိ ကြိုးစားပမ်းစား တိုးလာခဲ့ကြခြင်းပင်...။
"တွေ့လား Byeol... ငါ နင့်ကို ပြောသားပဲ ခုနကတစ်ချိန်လည်း တက်မနေပါနဲ့ဆိုတာကို..."
မောနေသည့်ကြားကပင် သူငယ်ချင်းမအား ဆူပူနေတော့သည်...။
"ဟဲ့ ခုနကတစ်ချိန်က အရေးကြီးလို့ပါဆိုနေ... အခုရောက်ပြီပဲ မဟုတ်လား... နင်ခေါ်လို့လည်း လိုက်လာရသေးတယ် အပင်ပန်းခံပြီး..."
YOU ARE READING
Heartfelt
FanficI can't express all of my feelings With just the words, I love you My heart is filled with you