Part 2 (Zawgyi ver)

427 29 9
                                    

ကော်ဖီခွက်ကလေးကို လက်တစ်ဖက်မှာ ကိုင်ထားရင်း တစ်ဖက်လက်က ဖန်တံခါးပြင်၏ လက်ကိုင်လေးကိုတွန်းကာ ဆိုင်ထဲမှ ထွက်လာလိုက်သည်။ လူသူရှင်းနေသေးသော campus ထဲတွင် ကော်ဖီလေး တစ်ငုံမော့သောက်လိုက် ဟိုဟိုဒီဒီငေးလိုက်ဖြင့် သူမစာသင်ဆောင်ရှိရာသို့ အေးဆေးပင် လျှောက်လှမ်းလာခဲ့လေသည်။

စာသင်ဆောင်ထဲသို့ ရောက်လေတော့ နေရာတွင် အဆင်သင့်ထိုင်စောင့်နေသူက ချစ်ရသော သူငယ်ချင်းမလေး Soo Yeon...။

"Soo နင် ဒီနေ့ အစောကြီး ရောက်နေပါလား? အမြဲလိုလို နောက်ကျနေတတ်တဲ့သူက ဒီနေ့ကျတော့ စောရောက်လို့ ထီတောင်ထိုးရမလားပဲ..." သူမ သူငယ်ချင်းကို စနောက်လျက်ပင် ဘေးနားသို့ ဝင်ထိုင်လိုက်သည်။

"နင်ကလည်း ငါ နောက်ဆို နောက်မကျတော့ပါဘူးဟ... ဒီနေ့ကစပြီး စောစောပဲ လာတော့မယ်..."

"ဟုတ်ပါပြီ ပြောတာကတော့ပြောနေတာပဲ... ဒါနဲ့ Soo-ah... BTS ကို နင်သိတယ်မလား?"

"ဟ သိတာပေါ့... ငါ အရမ်းကြိုက်တာကို..."

"ငါလေ ကျောင်းပိတ်ရက်တုန်းက မြို့ပြင်နားက မိဘမဲ့ကလေးကျောင်းလေးကို သွားတုန်းကလေ သူတို့လည်း လာသွားတယ်..."

"Omo... jinjja?"

"ဟုတ်ပါတယ်ဆို... ဒါနဲ့ နင်ကြိုက်တာ ဘယ်သူလဲ?"

"Taehyungie လေ... V... V"

"ဒါဆို ငါ့ကို သူ့အကြောင်းပြောဖူးတာ နင်ပဲကို... နင်သိတဲ့အတိုင်းပဲလေဟာ... ငါက idol တွေအကြောင်း စိတ်မဝင်စားတော့ သူတို့ကို စတွေ့တော့ မသိဘူး... နောက်မှ သူတို့မှန်းသိတာ... နင်ပြောဖူးလို့ထင်တယ် ငါ V ကိုတော့ မှတ်မိတယ်..."

"ဟယ်... နင်က ကံကောင်းလိုက်တာ... ဒါနဲ့ သူတို့အကုန်လာတာလားဟင်? ခုနစ်ယောက်လုံး?"

"မဟုတ်ဘူး... သုံးယောက်ပဲ... V ရယ် Jimin ရယ် နောက်တစ်ယောက်က..." သူမလေးမှာ နောက်ဆုံးတစ်ယောက်နာမည်ကို မမေးခဲ့မိတာကို သတိရသွား၍ ပြောနေရင်းမှ ရပ်သွားလေသည်။

"နောက်တစ်ယောက်က ဘယ်သူလဲ? နင်မသိဘူးလား?"

"အင်း ငါ မမေးခဲ့မိဘူးဟ..."

HeartfeltWhere stories live. Discover now