Part 4 (Unicode ver)

133 12 0
                                    

ယနေ့ ကျောင်းပိတ်ရက်ဖြစ်သည့် စနေနေ့လေးတွင်မူ ကျောင်းမှလုပ်ခိုင်းထားသည့် project ကိစ္စလေးအတွက် သူမ တစ်နေကုန် ဟိုသွားဒီသွားဖြင့် အချိန်ကုန်နေမိခဲ့သည်။ လိုအပ်သည်များကို ကိုယ့်အုပ်စုထဲမှ သူငယ်ချင်းများနှင့်အတူ စုဆောင်းရှာဖွေရန်ဖြစ်သော်လည်း သူငယ်ချင်းများမှာ နေ့ဝက်လောက်သာ အချိန်ရသဖြင့် ကိုယ်စီပြန်ကုန်ကြကာ သူမတစ်ယောက်တည်းသာ ဆက်ကာကြိုးစားလျက်ရှိခြင်းပင်...။ ကျောင်းမှ အုပ်စုခွဲပေးသည့်အခါ Soo နှင့်လည်း ကွဲသွားခဲ့သေးပြန်သဖြင့် ယခုတွင်တော့ သူမတစ်ယောက်တည်းသာ အထီးကျန်ပေပြီ။

စိတ်ကြိုက်အကုန် စုဆောင်းခဲ့ရပြီးပြီဆိုကာမှ ပင်ပန်းခဲ့သမျှ ပြေပျောက်သွားရန် ကော်ဖီဆိုင်လေးထဲသို့ တစ်ဦးတည်း ဝင်လာခဲ့လေသည်...။

လန်းလန်းဆန်းဆန်း ဖြစ်သွားစေရန် juice သို့မဟုတ် soda တစ်မျိုးမျိုးကို သောက်မည်ဟု တန်းစီနေသည့်တောက်လျှောက်တွင် ကြံရွယ်ထားခဲ့သော်လည်း သူမအလှည့်သို့ ရောက်သည့်အခါ ထုံးစံအတိုင်း နွားနို့များများနှင့် ကော်ဖီ latte ကိုသာ ရွေးချယ်မိခဲ့ပြန်သည်...။

စားပွဲဝိုင်းလေးတွင် တစ်ယောက်တည်း ကော်ဖီထိုင်သောက်နေရင်း ထုံးစံအတိုင်း online သို့တက်လိုက်သေးသည်...။ Instagram ထဲဝင်ကာ ပုံတစ်ခုချင်းစီ ကြည့်နေစဉ် ခင်ရသောအသိအစ်မတစ်ယောက်၏ ပုံလေးသို့ရောက်သော် ဖုန်း screen အား နှစ်ချက်နှိပ်လိုက်ရင်း စာသားလေးကိုပါ ဖတ်လိုက်သည်။ "ဆိုင်ရှေ့တွင်..."

ချက်ချင်းပင် comment လေးတစ်ကြောင်း ဝင်ပေးလိုက်သည်မှာ "Unnie... ဒီနေ့ ဆိုင်မှာရှိတယ်လား?"

အခြားပုံများအား ဆက်လက်၍ကြည့်နေစဉ်မှာပင် reply ပြန်ရပြန်သည်...။

"ဟုတ်တယ်လေ Byeol... ဒီနေ့ အားနေလို့..."

အကြံတစ်ခုရသွားသည့်ပုံဖြင့် သူမ မျက်နှာလေးဝယ် အပြုံးလေးတစ်ပွင့် နေရာယူလာလေပြီ။

"အခု ရှိသေးတယ်မလားဟင်? Byeol လာချင်လို့ပါ..."

"Oom ရှိသေးတယ် Byeol-ah... မတွေ့ရတာလည်းကြာပြီ လာခဲ့လေ..."

နှစ်ငုံစာလောက်သာကျန်တော့သည့် သောက်လက်စ ကော်ဖီလေးအား အမြန်စုပ်သောက်လိုက်ကာ ထွက်လာခဲ့တော့သည်။

HeartfeltWhere stories live. Discover now