ဝယ်လာသည့် ပေါင်မုန့်လေးများအား ထည့်ထားသော ကြွပ်ကြွပ်အိတ်ထုတ်လေးကို လက်ကောက်ဝတ်တစ်ဖက်နားတွင် ချိတ်ဆွဲလျက် ဖန်တံခါးပြင်အား တွန်းဖွင့်ကာ ထွက်လာခဲ့လိုက်သည်...။
"ဟယ်တော့ ရုတ်တရက်ကြီး လုပ်ပြန်ပြီ..."
အပြင်သို့ ရောက်ရောက်ချင်း ဦးခေါင်းထက်ပေါ်သို့ တစ်ပေါက်နှစ်ပေါက်ကျဆင်းလာသော မိုးရေစက်ကလေးများကြောင့် ညည်းညူလိုက်ခြင်းပင်...။
ထီးမပါလာသဖြင့် မိုးသိပ်မရွာခင် မှတ်တိုင်သို့ အမြန်သွားဦးမည်ဟုဆိုကာ ခြေလှမ်းလေးများကို သွက်လိုက်သည်...။
သို့သော်လည်း လမ်းထိပ်နားပင် ရှိသေးသည်... မိုးစက်များမှာ ပိုပိုကျဆင်းလာသည်သာ...။ မနီးမဝေးရှိ မှတ်တိုင်သို့ ပြေးတော့မည့်အလုပ် တံတောင်မှနေ၍ လှမ်းဆွဲလိုက်သော လက်တစ်ဖက်ကြောင့် ထိုလက်ပိုင်ရှင်ဆီသို့ အရှိန်နှင့် ပြန်ဆောင့်မိလေသည်...။
နဖူးနှင့်ဆောင့်မိသောသူအား ပြန်မော့ကြည့်မိမှ ထီးလေးအတူတကွ ဆောင်းပေးထားကာ သူမအား ပြန်ငုံ့မိုးကြည့်နေသော သူအား တွေ့လိုက်ရပေသည်...။
"ထီးမပါလာဘူးလား Byeol...?"
"Na... Nae... မိုး ဒီလို ရုတ်တရက် ရွာမယ်မထင်တော့လေ..." စစချင်းမို့ အံ့သြလွန်ကာ စကားလေးများ ထစ်နေသော်လည်း စကားအဆုံးတွင်တော့ သွားလေးဖြီးကာ ပြုံးပြလျက်...။
"ဘယ်သွားမလို့လဲ လိုက်ပို့ပေးမယ်လေ... ကျွန်တော်တို့ ကားပါတယ်..."
"အိမ်ပြန်မလို့ပါ... ရပါတယ် ဘတ်စ်ကားပဲ စီးသွားလိုက်ပါ့မယ်..."
"ထီးမှမပါတာကို... လိုက်ခဲ့လိုက်ပါ အားနာစရာမလိုပါဘူး..."
သို့နှင့် သူမလေးမှာ Jimin ခေါ်ရာသို့ ယောင်တောင်တောင်နှင့် ပါသွားလေတော့သည်...။
#############################
Jimin တစ်ယောက် အကိုက်အခဲပျောက်ဆေးလေး ဝယ်စရာရှိသည်ဟုဆိုသဖြင့် Seokjin မှာ ကားလေးကို လမ်းထိပ်ရှိ ဆေးဆိုင်ရှေ့တွင် ခဏတာ ရပ်နားနေလိုက်သည်...။
ကားထဲထိုင်စောင့်ကာ အတွေးများဖြင့် တစ်ယောက်တည်း အလုပ်ရှုပ်နေစဉ် ကားမှန်ပေါ်သို့ မိုးစက်ကလေးများ ကျလာသည်ကို သတိထားမိသောကြောင့် ပတ်ဝန်းကျင်ကို တစ်ချက်ဝှေ့ကြည့်လိုက်ရာ မြင်ကွင်းထဲသို့ ရောက်လာသော ကောင်မလေးကို စူးစမ်းမိသည်...။
YOU ARE READING
Heartfelt
Fiksi PenggemarI can't express all of my feelings With just the words, I love you My heart is filled with you