ယနေ့ အတူသွားမည်ဟု ပြောထားသဖြင့် Soo တစ်ယောက် နားထဲ နားကြပ်ထိုးထားပြီး ပလက်ဖောင်းပေါ်ရှိ လမ်းမီးတိုင်နားတွင် သူငယ်ချင်း Byeol အား ရပ်စောင့်နေခိုက်...
"ကလင် ကလင်..."
သီချင်းကို အကျယ်ကြီးဖွင့်ထားသဖြင့် ဘေးပတ်ဝန်းကျင်ကိုလည်း အာရုံမရပေ...။
"ဟေ့ဟေ့.... ဟေ့ကောင်မလေး!!"
ရုတ်တရက် ဖမ်းဆွဲလိုက်တဲ့အရှိန်ကြောင့် ပိန်သွယ်ပေါ့ပါးသော ခန္ဓာကိုယ်လေးမှာ တစ်ယောက်သောသူ၏ ရင်ခွင်ထဲ မျက်နှာအပ်မိသွားသည်။ ချက်ချင်းပဲ ပြန်ခွာရပ်လိုက်ပြီး နားကြပ်တစ်ဖက်ကိုဖြုတ်ကာ အကဲခတ်မိလေတော့ မိမိလက်မောင်းကို တင်းကျပ်စွာဆုပ်ကိုင်ထားသော ထိုသူမှာ တစ်ဖက်သို့ လှမ်းမျှော်ကြည့်ရင်း...
"Aish! စက်ဘီးကို ဘယ်လိုစီးလာလဲမသိဘူး ဒီကောင်!"
မျက်နှာမှာ ဒေါသအနည်းငယ်ထွက်နေပုံပေါ်သည်။ ဘေးတိုက်သာ မြင်နေရသော ထိုမျက်နှာ... သူမ အတွေ့ချင်ဆုံးသောသူ၏ မျက်နှာလေး...။ သူမရင်ခုန်သံတွေ မြန်ဆန်လာကာ သူ့အား ငေးကြည့်နေမိသည်။
သူကတော့ သူမဘက်ကို ပြန်ကြည့်လာကာ သူမ ငေးကြည့်နေမိသည်ကိုပင် သတိမထားမိဘဲ...
"Gwaenchana? မင်းကလည်း မင်းပဲ... စက်ဘီးက ဒီလောက်တီးနေတာကို မကြားဘူးလား? ငါသာ မဆွဲလိုက်လို့ကတော့ ရှုပ်ကုန်တော့မယ်..."
နားကြပ်တပ်ထားပြီး ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်သည့်အဖြစ်ကြောင့် သူမအား သူက ဆူနေလေရဲ့...။ သူမမှာ ပလက်ဖောင်းပေါ်တွင် ရပ်နေသောကြောင့် အန္တရာယ်ကင်းရှင်းနိုင်သည်ဟု မှတ်ယူ၍သာ သီချင်းလေးထဲသို့ ခဏတာ အာရုံစိုက်ကာ နားထောင်နေခဲ့ခြင်းမဟုတ်လား...?
"Ah nae... နောက်ဆို သတိထားပါ့မယ်... ပြီးတော့... ကျေးဇူးလည်းတင်ပါတယ်..." သူမမှာ ခေါင်းလေးညွှတ်ပြီး ပြောအပြီးမှာပင် သူက ခေါင်းငြိမ့်ပြပြီး ချက်ချင်းလှည့်ထွက်သွားလေတော့သည်။
Byeol တစ်ယောက် တိုက်လှေကားပေါ်မှ ခုန်ဆွခုန်ဆွဖြင့် ဆင်းလာပြီးနောက် သူငယ်ချင်းမလေးကို တွေ့သည့်အခါ လှမ်းခေါ်မည်အလုပ် သူငယ်ချင်းမလေး၏ ထူးဆန်းသောပုံစံကြောင့် ဝှေ့ယမ်းခါနီး လက်ကလေးကို ပြန်ရုတ်သိမ်းလိုက်ကာ သူမကြည့်နေရာသို့ လိုက်ကြည့်မိသည်။ မြင်လိုက်ရသည်မှာ အရပ်ရှည်ရှည်နှင့် အနည်းငယ်ပိန်သည်ဟုထင်ရသော ယောက်ျားလေးတစ်ယောက်၏ နောက်ကျောပင်...။
YOU ARE READING
Heartfelt
FanfictionI can't express all of my feelings With just the words, I love you My heart is filled with you