နွေဦးမှနေ နွေရာသီအစထဲသို့ ဝင်နေပြီဖြစ်သဖြင့် ရာသီဥတုက မပူမအေးလွန်းနှင့် နေသာထိုင်သာရှိလှသည်...။ သူမ တစ်ယောက်တည်း ကျောင်း campus ထဲရှိ ခုံတန်းလျားလေးပေါ်မှာထိုင်ပြီး နားကြပ်မှတစ်ဆင့် နားထဲသို့ ငြိမ့်ညောင်းစွာစီးဆင်းလာသည့် သီချင်းတေးသွားလေးကို လိုက်ညည်းနေမိသည်...။
"Subin-ah... Saranghae..."
နားကြပ်တပ်ဆင်ထားသော်လည်း သီချင်းသံလေးမှာ အလွန်မကျယ်သောကြောင့် အနီးအနား ပတ်ဝန်းကျင်ရှိ အသံတစ်ချို့ကိုတော့ ကြားနိုင်သည်...။
ထို့ကြောင့်လည်း မိန်းမသားပီပီ ကြားလိုက်ရသည်ကို စပ်စုချင်လှသည်ကြောင့် အသာချထားသော မျက်လွှာလေးများကိုဖွင့်ကာ မျက်စောင်းထိုးတွင်ရှိသော ချစ်သူနှစ်ဦးကို တွေ့ရသည်ပင်...။ ကောင်မလေးမှာ ချစ်သူပေးသော ဘူးလေးထဲရှိ ချောကလက်တုံးလေးတစ်တုံးကိုယူကာ အရသာခံ စားနေပုံလေးကို ကြည့်ပြီး သူမပြုံးမိသေးသည်...။
ယနေ့တစ်နေ့ထဲမှာပင် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မြင်ရသည်မှာ ယခုဆိုလျှင် အကြိမ်ပေါင်း မနည်းတော့ချေ...။
"Byeol... ဘာတွေ ပြုံးစိစိလုပ်နေတာလဲ?"
"Omona!"
စုံတွဲလေးအား ငေးနေခိုက်မှာပင် သူငယ်ချင်းမက ရုတ်တရက် ဘေးသို့ဝင်ထိုင်ကာ အော်ပြောလိုက်သည်ကြောင့် သူမလန့်သွားရှာသည်လေ...။
"အော် ပြီးပြီလား? ဘာမှမဟုတ်ပါဘူး... ဟိုမှာလေ..." နားကြပ်လေးကို ဖြုတ်သိမ်းရင်း ထို စုံတွဲလေးရှိရာသို့ သူမ မေးဆတ်ပြလိုက်သည်...။
"အံမယ် အံမယ်... နင်လည်း လိုချင်နေပြီမလား Byeol?"
"ဘာလိုချင်ရမှာလဲဟ! ဒီအတိုင်း သူတို့ပုံလေးက ချစ်စရာကောင်းလို့ ကြည့်နေတာ... ငါက ဒီလို White day တွေ ဘာတွေ စိတ်မဝင်စားပါဘူး..."
"ကြည့်စမ်း ကြည့်စမ်း... ပြောင်လိမ်ပြီ... ရင်ထဲမှာတော့ "ငါ့မှာလည်း namchin တစ်ယောက်လောက်ရှိရင် ကောင်းမှာပဲ" ဆိုပြီး ဆွေးနေတာမလား..."
"အားအားယားယား တော်စမ်းပါ... ပြီးရင်လည်းပြန်မယ် ထ... နင့်ကို စောင့်နေတာ ကြာလိုက်တာ အခုမှ ရောက်လာတယ်..."
YOU ARE READING
Heartfelt
FanficI can't express all of my feelings With just the words, I love you My heart is filled with you