Ep-8

4.2K 583 31
                                    

(Unicode)

***

ဒဏ်ရာတွေက တစ်နေ့တော့ ပျောက်သွားလိမ့်မယ် Jeon။ ဒါပေမဲ့ အမာရွတ်မြင်တိုင်းတော့ ဒီဒဏ်ရာရဲ့ အတိမ်အနက်ကြောင့် ကိုယ်နာကျင်ရတာကို ပြန်တွေးမိပြီး မှတ်မိနေဦးမှာပဲမဟုတ်လား။

***

ဤသို့ဖြင့် JK အမေရဲ့ ၈နှစ်ပြည့် နှစ်ပတ်လည်အတွက် ပြင်ဆင်ရင်း...........

"သခင်ကြီ.."

အလုပ်သမားတွေကို ကြိမ်းမောင်းနေရင်း သူ့ကိုယ်ရံတော်တစ်ယောက်က.....

"အေး ပြော...."

"သခင်ကြီးနာမည်နဲ့ စာပေးခိုင်းလို့ပါ"

"ဘယ်သူလဲ...."

"နာမည်‌မပြောသွားပါဘူး။ မျက်နှာကိုလည်း ပဝါစနဲ့ ဖုံးထားပြီး လက်ထဲထည့်ပေးပေးပြီးချင်း ထွက်သွားပါတယ်။"

"ဘာများလဲ။"

အလျင်အမြန် လက်ထဲက စာကို ဖွင့်ဖတ်ကြည့်တော့....

"အတုံ့အလှည့်ဆိုတာ ရှိတယ် သခင်ကြီးJeon။
အခုတော့ ခင်ဗျားတို့ ဝဋ်လည်ချိန်တန်ပြီ။

တစ်ချိန်က ခင်ဗျားကြောင့် ဘဝပျက်ခဲ့သူ။"

သွေးဖြင့်ရေးထားသော ဤစာ။ တစ်နည်းအားဖြင့်
ချိန်းခြောက်စာ။ စာရွက်ကို ဆုတ်ဖြဲပြီး အနီးအနားက သစ်ရွက်ခြောက်တွေ မီးရှို့တဲ့ထဲ ပစ်ထည့်လိုက်သည်။

"တောက်!! အဓိပ္ပာယ်မရှိတာ။"

ဒေါသထွက်ထွက်နဲ့ အနီးရှိ စဉ့်အိုးကြီးကို ခြေထောက်နှင့် တွန်းကန်ပစ်လိုက်သည်။ ဒေါသတွေသာ မီးအဖြစ် ပြောင်းလဲနိုင်ခဲ့ရင် ယခုချက်ချင်းပင် ဤအနီးအနားရှိ အရာအားလုံး ဝါးမြိုသွားပေလိမ့်မည်။
အစေခံတွေလည်း တုတ်တုတ်မျှ မလှုပ်ရဲ။
ဆူဆူညံညံအသံတွေကြောင့် သားတော်မောင်ဖြစ်သူလည်း ထွက်လာသလို သူ့ကိုယ်ရံတော်လည်း ရောက်ရှိလာခဲ့သည်။

"ဘာဖြစ်လို့လဲ appa...."

သားဖြစ်သူ ထွက်လာတော့မှ ချက်ချင်းအမူအရာကို ပြင်လိုက်ပြီး...

"ဟမ်....အော်အေး....ဒီလိုပါပဲကွာ....သိတဲ့အတိုင်း
အဖေကလည်း ဒီလောက်ကောင်းကျိုးတွေလုပ်နေတာတောင် ဘယ်ကဘယ်လို မလိုမုန်းထားသူတွေ ရှိနေလဲ မသိပါဘူးကွာ။ ဟားဟား...ဒီတိုင်းချိန်းခြောက်စာတွေပါ။"

Uncontrollable ||COMPLETED||Where stories live. Discover now