Ep-14

3.4K 545 26
                                    

(Unicode)
***

ဘယ်သောအခါမှ သိပ်မချစ်တတ်လွန်းနဲ့။
သိပ်ချစ်တတ်လွန်းရင် သိပ်ရှုံးရတယ်။

***

တစ်ဖက်မှာလည်း....

Jung Kook ထွက်သွားပြီးသိပ်မကြာ အခန်းထဲကနေ Jimin ထွက်လာခဲ့သည်။

"Soo Bin.....မင်းတို့သခင်လေးရော...."

"တောင်ပေါ်သွားတယ်။"

"တောင်ပေါ်..."

"သခင်မကြီးရဲ့ ဂူရှိတယ်လေ။"

"ဪ...."

သူ့အကြောင်း ခေါင်းထဲက ထုတ်လိုက်ပြီး Soo bin ဆီသို့ပဲ လှမ်းလာလိုက်သည်။

"ဘာဟင်းတွေချက်နေတာလဲ။"

"ကြက်သား‌ဆီပြန်...."

"အာ....."

တစ်ခဏကြာ ငြိမ်သက်သွားပြီးမှ...

"Jimin Hyung...."

စကားပြန်စ လာသူက Soo Bin....

"အင်း....ပြော...."

"တကယ်...တကယ်....ကျွန်တော်တို့ သခင်လေးကို မုန်းနေတာလား။"

Soo bin ရဲ့ အမေးစကအဆုံးမှာ တွေးတွေးစစ ဖြစ်သွားသော သူ....

မုန်းတယ်။ မုန်းတယ်တဲ့လား။

"အင်း....ဆိုကြပါစို့။"

"ဘာလို့လဲ...အကြောင်းရင်းသိလို့ရမလား။"

"ဒီလိုပဲ သူတို့မိသားစုနဲ့ ပတ်သက်ပြီး ငါ့မှာ နာကြည်းစရာတွေရှိနေလို့။"

"Hyung ကိုယ်ရံတော်ဘဝနဲ့ နေခဲ့တဲ့ တစ်လျှောက်လုံး အိမ်တော်နဲ့ အဆင်ပြေနေတယ်မဟုတ်လား။
ဘာကိစ္စများရှိလို့လဲ။"

"မင်းသိစရာမလိုပါဘူး။"

"ဘာပဲပြောပြောဗျာ ကျွန်တော်မေတ္တာရပ်ခံတာက Hyungမှာ နာကြည်းချက်တွေရှိလို့ သခင်လေးကို မုန်းတယ်ဆိုရင်တောင်။ သခင်လေးရဲ့ Hyungအ‌ပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ထောက်ရှုပေးပါလား။"

"‌ဒါငါ့အပိုင်းပါ။ မင်း ဝင်ပါစရာ ကိစ္စမဟုတ်ဘူးထင်တယ်။"

သက်ပြင်းချပြီး သူ့စကားကိုပြန်ဖြေကာ သစ်သားခုံလေးကနေ ထလိုက်သည်။ ကျောခိုင်းပြီး ထွက်ဖို့အလုပ်......

Uncontrollable ||COMPLETED||Where stories live. Discover now