(Unicode)
***
တစ်ခုတော့ သိထားပေးပေါ့ အစ်ကိုရယ်။
ကျွန်တော့်နှလုံးသားလေးရဲ့ မူပိုင်ရှင်ဟာ အစ်ကို တစ်ယောက်တည်းဆိုတာကိုပေါ့။***
လပြည့်ည.....ပွဲဈေး.....
တကယ်လည်း သခင်ကြီးJeonဟာ သူ့သားကို
Jiminနဲ့ စိတ်ချခဲ့ပါသည်။ တစ်ဖက်မှာလည်း
Hoseok ရဲ့ ကိုယ်ရံတော်အဖြစ်နေရတာက Taehyung။ Hoseok နဲ့က Jung Kook က နဂိုကတည်းက သိတာမို့ ပွဲဈေးကိုလည်းအချိန်းအချက်လုပ်ပြီး သွားကြပါသည်။ထိုနေ့က လမင်းကြီးက ထိန်ထိန်သာနေခဲ့သည်။
မြစ်ကမ်းပါးဘေးက လမ်းတစ်ဖက်တစ်ချက်ဝယ်
အရောင်စုံမီးဆိုင်းများကို ညီညာစွာ ချိတ်ဆွဲထားသည်။ ဈေးဆိုင်များကတော့ သူ့ထက်ငါ အပြိုင်အော်ကြ ရောင်းကြသည်။
လမ်းလျှောက်လို့ နည်းနည်းဝေးလာတော့ မုန့်ဆိုင်လေးတစ်ဆိုင်မှာ ထိုင်ပြီး မုန့်စားကြသည်။
Jiminနဲ့ Taehyungကတော့ နောက်က ရပ်လျက်၊ ထိုင်ခိုင်းပေမဲ့မထိုင်ကြ။
Hoseokကား သေရည်နည်းနည်းသောက်ပြီး...."Jungkook သောက်လေ........"
"Arrnee။ ကြိုက်မှာမဟုတ်ဘူး။"
"မင်းအိမ်ကြောင့်လား။ ငါသိတဲ့Jung Kookက
အိမ်ကိုကြောက်တဲ့ကောင်မဟုတ်ပါဘူး။"အစ်ကိုhoseok၏ အမေးကို ပြန်မဖြေတော့ဘဲ
ဘေးသို့သာ အသာစောင်းငဲ့ကြည့်သည်။
ထိုအချိန်ဝယ် ကောင်းကင်ပေါ်မှာလည်း လွှတ်တင်ထားသော မီးပုံပျံများကာ နက်ပြာရောင်မိုးသားထက် လှပစွာတန်ဆာဆင်ထားသော ကြယ်ပွင့်များနှယ် တောက်ပနေသည်။ မီးပုံးပျံများကို တစ်မေ့တစ်မောလိုက်ကြည့်ပြီး ပတ်ဝန်းကျင်ကို မေ့လျော့နေသည့် တစ်စုံတစ်ယောက်။ ဖြူဝင်းသည့်သူ့အသားအရည်၊ ကြယ်များပင် ထိုင်ငိုရလောက်မည့် ခပ်ကျဉ်းကျဉ်းသူ့မျက်ဝန်းများ၊ ထိုသူအကြောင်းတွေးမိလိုက်သည်နှင့် ခုန်လှုပ်လာသော နှလုံးသား..။
အင်း......ခင်ဗျားနဲ့ကျမှကျွန်တော်လည်း ပြောင်းလဲကုန်ပါပြီ။တကယ်လည်း အစ်ကိုHoseokပြောသည့်အတိုင်း သူသည် အိမ်ကြောက်တဲ့ကောင်မဟုတ်။ အခုလည်း အိမ်ကြောင့် သေရည်မသောက်ခြင်းမဟုတ်။ အခြားတစ်စုံတစ်ရာသော အကြောင်းကြောင့်ဆိုတာကိုတော့။
ESTÁS LEYENDO
Uncontrollable ||COMPLETED||