Ep-7

4.3K 601 114
                                    

(Unicode)

***

သစ်‌ရွက်ကြွေတာ လှတယ်တဲ့။
ကြယ်ကြွေရင် ဆုတောင်းပြည့်တယ်တဲ့။
ဘာလို့ လူတွေက တစ်စုံတစ်ခုနာကျင်ရမှ လှတယ်လို့ သတ်မှတ်နေကြတာလဲ အစ်ကို။
အဲ့ထဲမှာရော အစ်ကိုပါလား။
ပါတယ်ဆိုရင်တော့ မောင်က‌ ကြွေလုဆဲဆဲသစ်ရွက်ဖြစ်ပေးပါ့မယ်။ သို့မဟုတ် ‌ကောင်း‌ကင်ပြင်ကြီးကို စွန့်ခွာရတော့မဲ့ သက်‌တမ်းစေ့သွားတဲ့ ကြယ်တစ်ပွင့်ပေါ့
အစ်ကိုကျေနပ်တယ်မဟုတ်လား။

***

~အစ်ကို့ထံသို့ ရေးသောစာ.......~

"ပိုးဖလံမျိုး မီးကိုတိုး"တဲ့။ အဟား....
ဒီစကားက ကျွန်တော့်အတွက် သိပ်ကိုမှန်တယ်။
မဟုတ်ဘူး။ ကျွန်တော်တို့နှစ်ယောက်လုံးအတွက်ပေါ့။ ကျွန်တော်က "သူ့ရဲ့အချစ်"ဆိုတာကြီးဟာ
နောက်ဆုံးမှာ ကိုယ့်ကိုသာ ပူလောင်စေမဲ့ မီးတောက်ဆိုတာ သိသိကြီးနဲ့ ရှေ့ဆက်တိုးတယ်။ သူကရော...အင်း...သူကလည်း....သူကလည်း "ကလဲ့စားချေခြင်း"ဆိုတဲ့ မီးတောက်ဟာ ပူလောင်မှန်းသိသိလျက်နဲ့ တိုးနေတဲ့ ပိုးဖလံတစ်ကောင်ပေါ့။တကယ်တမ်း ကျွန်တော်တို့နှစ်ယောက်လုံးမှားခဲ့ကြတာပါ။

အဲ့နေ့က သူနေမကောင်းတာနဲ့ ကျွန်တော် သူ့ကို အနီးကပ်သွားပြုစုပေးတယ်။ ဖေဖေကလည်း
သူ့ကို ယုံကြည်လွန်းနေတာကတစ်ကြောင်း၊ နောက် ကျွန်တော် မရမက တောင်းဆိုတာကတစ်ကြောင်း သူ့အခန်းမှာ ကျွန်တော့်ကို တစ်ညအိပ်ခွင့်ပေးလိုက်တယ်။ သူ့ကိုပြုစု‌ဖို့ပေါ့။ ညသန်းခေါင်ကြီး အဖျားတွေတက်ပြီး သူက ညည်းတယ်။

"omma...eun ly yr...appa...appa...
omma...."

ဇောချွေးတွေပါ ပြန်ပြီးကြောက်အားလန့်အား ညည်းနေတဲ့ အစ်ကိုဟာ သူ့အတိတ်မှာ နာကျင်စဖွယ် တစ်ခုခု ရှိနေပါလိမ့်မယ်။

"Hajima.....Hajima....Taehyung nr....
လုပ်ကြပါဦး...မီးတွေ...မီးတွေ...သူတို့...သခင်ကြီး..
သခင်ကြီး..လုပ်ရက်လိုက်တာ.....မီးတွေ...
Taehyung nr....လုပ်ကြပါဦး......"

Taehyung Hyung ဆိုတာ Hoseok Hyungရဲ့ ကိုယ်ရံတော် တစ်ဖြစ်လည်း အစ်ကို့ငယ်သူငယ်ချင်းဆိုတာ သိထားပေမဲ့ အိမ်မက်ထဲထိပါ ဝင်လာတာဆိုတော့ နည်းနည်း‌မကျေမနပ်ဖြစ်မိပေမဲ့ နောက်က မီးတွေ...သခင်ကြီး စတဲ့စကားလုံးတွေက ကျွန်တော့်ကို တွေးရကြပ်စေခဲ့တယ်။ နောက်ဆုံးတော့ ကျွန်တော် ငယ်ငယ်တုန်းက အိမ်မက်ဆိုးတွေ မက်ရင် မယ်မယ်လုပ်ပေးနေကြအတိုင်း ရင်ခွင်ထဲထည့်ပြီး ဆံပင်ကိုလှန်တင်ကာ နှဖူးပြင်ကို ခပ်ဖွဖွပွတ်ပေးလိုက်တယ်။ ကျွန်တော့်ရင်ခွင်ထဲထည့်လိုက်မှ ငြိမ်ကျသွားတဲ့ အစ်ကို။
စိတ်မဝင်စားစဖူး သူ့ရဲ့အတိတ်ကို စိတ်ဝင်စားမိခဲ့ပါတယ်။

Uncontrollable ||COMPLETED||Donde viven las historias. Descúbrelo ahora