(Unicode)
***
လိုရင်အသုံးပြုနိုင်ပြီး မလိုရင် လွှင့်ပစ်နိုင်ပါတယ်လို့
မောင်ပြောခဲ့တယ်မဟုတ်လား။
အခု အစ်ကို မောင့်ကို မလိုအပ်တော့ဘူးလေ။
မောင်ထွက်သွားပေးပါ့မယ်။***
တကယ်လည်း သခင်ကြီးJeonက သူ့ကတိတွေကို တည်ခဲ့ပါသည်။ လူထုကိုတရားဝင်တောင်းပန်ပြီး လယ်ယာမြေတွေအကုန်လုံးကိုလည်း ပြန်လည် ပေးအပ်ခဲ့သည်။ မတရားသိမ်းပိုက်ထားသည့်အရာများကိုလည်း ပိုင်ရှင်တွေလက်ထဲ ပြန်ထည့်ပေးခဲ့သကဲ့သို့ ငွေကြေးအချို့ကိုလည်း သူ့ကြောင့်ဘဝပျက်ခဲ့သည့် မိသားစုများထံ ကိုယ်တိုင်ကိုယ်ကျအပြစ်ဝန်ခံကာ သွားရောက်တောင်းပန်ခဲ့သည်။ Jimin၏ ဆန္ဒများ အရာအားလုံးပြည့်ခဲ့ပါပြီလေ
Jung Kookကတော့ ရုတ်တရက်ကြီး ဖခင်၏ အကြောင်းရင်းမှန်များကို သိလိုက်ရပေမဲ့ ထူးထူးခြားခြား သွေးပျက်ပုံမပေါ်ခဲ့.။ အမှန်တကယ်တမ်း သူ အရင်ကတည်းက သိနေခဲ့သည်ဆိုသည်ကို Jimin ယခုထိ မသိသေးခြင်းပင်။"သားငယ်......."
ယခင်က ဝတ်ဆင်ခဲ့သည့် သခင်ကြီးတစ်ယောက်၏ အဆောင်အယောင်မှန်သမျှကို စွန့်လွှတ်လိုက်ပြီး သာမန်လူတစ်ယောက်လို ဝတ်ဆင်ထားသည့် ဖခင်ဖြစ်သူကို သူအံ့ဩစွာ ငေးမောနေမိသည်။
"ဒီနေ့ အဖေ အရှင်မင်းကြီးဆီ သွားပြီး အပြစ်ဝန်ခံမယ်လေ......"
နေ့ခြင်းညချင်း ပြောင်းလဲသွားသည့် ဖခင်က မိမိကြောင့်ဆိုတာကို သိပေမဲ့ ကောင်းသောပြောင်းလဲခြင်းမို့ ဝမ်းမနည်းမိ။
"အပြစ်တွေကိုသေချာခံယူပါအဖေ။ သားအတွက် အမြဲတမ်း အားထားရတဲ့ ဖခင်တစ်ယောက်အဖြစ် ထာဝရရှိနေအောင် အဖေလုပ်နိုင်မယ်ဆိုတာ သားသိတယ်။"
"ကျေးဇူးတင်ပါတယ်။ ဒီအဖေကို မမုန်းသွားလို့... နောက် ဒီအဖေရဲ့ အပြစ်တွေ ဗွေမယူခဲ့လို့.....
ပြီးတော့ သားငယ်ကိုအရှက်ရစေခဲ့လို့ တောင်းပန်ပါတယ်။""Arrnee..အဖေက ဘယ်သူပဲဖြစ်ပါစေ ကိုယ့်ရင်သွေးတွေအတွက်တော့ အဖေပဲလေ။ အစ်ကို ဒဏ်ရာရတုန်းက ထူပူပြီး အဖေ့ကိုအပြစ်လာတင်မိတာလည်း ကျွန်တော်တောင်းပန်ပါတယ်။"
YOU ARE READING
Uncontrollable ||COMPLETED||