Ep-22

3.7K 533 38
                                    

(Unicode)

***

တောင်းပန်ပါတယ် ဆိုတဲ့စကားက ထိုက်သင့်မှ ပြောလို့ကောင်းမှာလေ။
ငါ့အပြစ်တွေက တောင်းပန်ပါတယ်ဆိုတဲ့စကားနဲ့တောင် မလုံလောက်ခဲ့ဘူး။

***
နေရောင်ခြည်နွေးဖြဖြကား သစ်သားအိမ်လေး၏ အခန်းကျဉ်းထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ အခန်းထဲမှာတော့ အပေါ်ပိုင်းအဝတ်ဗလာကျဉ်းလျက် လူသားနှစ်‌ယောက်။ သူတို့နှစ်ယောက်ကို စောင်ပါးလေးက လွှမ်းခြုံပေးထားသည်။ ခန္ဓာကိုယ် ခပ်တောင့်တောင့်ကောင်လေး၏ ရင်ခွင်ထဲမှာ မြုပ်နေသည့် ‌ခပ်သေးသေးကောင်လေး။ အချစ်ငှက်လေးနှစ်ကောင်အတွက်တော့ မနက်ခင်းလေးက ကြည်နူးစရာ..............

စူးရှတဲ့နေရောင်ခြည်ကြောင့် Jimin တစ်ယောက် အလိုမကျစွာ မျက်မှောင်တို့ကိုကြုံ့မိလိုက်သည်။ ညတိုင်းနီးပါး နှိပ်စက်လေ့ရှိသည့် အတိတ်ရဲ့ အရိပ်တွေက ဒီညတော့ နွေးထွေးသည့် ရင်‌ခွင်ကို ခိုလှုံခွင့်ရခဲ့လို့ထင်ရဲ့။ မြူမှုန်မျှတောင် စွက်ဖက်လာခြင်း အလျဉ်းမရှိ။ မျက်လုံးတို့ကို အသာအယာပွတ်သပ်ရင်း သတိထားမိလိုက်သည်က သူကား Jung Kook ၏ ရင်ခွင်ထဲမှာမြုပ်နေသည်။ မနေ့ညက ညဉ့်အတော်နက်ပြီးမှ အိပ်ပျော်သွားသည့်ပုံစံအတိုင်းပင်။ အိပ်လျှင်မငြိမ်တတ်သည့်သူကလေ။ သူ့ ခါးသိမ်သိမ်မှာတော့ Jung Kook လက်တွေက ရစ်ပတ်လျက်။

ရင်ခွင်ထဲမှာ ငြိမ်နေရင်း ထိုလူသားကိုမော့ကြည့်‌မိတော့ ပကတိအိပ်မောကျနေသည်။ နက်မှောင်သည့် မျက်ခုံးတွေ မျက်လုံးဝိုင်းဝိုင်း မျက်ဆန်လှလှ နှုတ်ခမ်းစိုစိုနှင့် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဖြစ်ခဲ့သည့် ဤလူသားသည် ပတ်ဝန်းကျင်၏ အပြောကို ခံပြီး သူ့လက်ကိုတွဲခဲ့သည်မှာ ယုံဖွယ်ရာမရှိ။  သူအနိုင်ကျင့်သမျှ၊ ဆိုးသမျှ အရာအားလုံးကိုသည်းခံပြီး တစ်လုံးတစ်ပါဒမျှလည်း သူ့အတိတ်ကို စွက်ဖက်ခြင်းအလျဉ်းမရှိ။ အဖေဖြစ်သူအတွက် သူ့ကိုအသုံးချခဲ့ပေမဲ့ အနှီကောင်လေး၏ ဖြူစင်မှုတွေကြားမှာ သူနေရတာ ကြည်နူးလာသည်။ သူ့ရည်ရွက်ချက်ကိုတောင် မေ့ဖျောက်ပြီး အစကနေ ပြန်စလိုက်ချင်သည်။ ချစ်လားမချစ်လား သူသေချာမသိ။ သို့ပေသိ....ဤကောင်လေး၏ ဂရုစိုက်မှုခံရတာ သူတကယ်ပျော်သည်။ ငါလည်းအချစ်ခံရဖို့ထိုက်တန်သေးပါလား၊ ငါ့ကိုချစ်ပေးမဲ့သူရှိနေပါလားဆိုတဲ့ ခံစားချက်လေးက သူ့ကို တကယ်ပီတိဖြစ်စေသည်။ သို့သော်ငြား တစ်ခါတစ်ခါ လောကက ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်ပိုင်ခွင့်မှမရှိတာလေ။

Uncontrollable ||COMPLETED||Where stories live. Discover now