Ep-15

3.4K 535 20
                                    

(Unicode)

***

အစ်ကို့ဘေးမှာ ဘယ်သူမှမရှိဘူးလို့ ဘယ်သူပြောလဲ အစ်ကို။
မောင်တစ်ယောက်လုံး ရှိနေတာကို မမြင်တာလား။
မမြင်ချင်ယောင်ဆောင်နေတာလား။

***
ဒီလိုနဲ့ တစ်နေ့...

"Soo Bin ah......"

"Nae...သခင်လေး...."

"လွန်ခဲ့တဲ့ ၇နှစ်ကျော်ကျော်လောက်က ဒီမြို့မှာ မီးအကြီးအကျယ်လောင်တာ သိလိုက်လား။ အဲ့တုန်းက ငါ့အဖေအိမ်မှာလူတွေအများကြီးပဲလေ။"

"လွန်ခဲ့တဲ့ ၇နှစ်။"

Soo Bin က အခုမှ အသက် ၂၀ဆိုတော့ ငယ်ဦးမှာဖြစ်ပေမဲ့ သိလောက်မည်ဟု တွေးမိလိုက်ပြီး မေးကြည့်လိုက်သည်။

"အာ..သိတယ်..သိတယ်။ ကျွန်တော်အဲ့တုန်းက ၁၃နှစ်ပဲ ရှိသေးတာ။ ဒီအပိုင်းတော့မဟုတ်ဘူး။ မြောက်ပိုင်းမှာ။ မြောက်ပိုင်းမှာနေတဲ့သူ အကုန်လုံးနီးပါးက သခင်ကြီးနဲ့မကင်းဘူးလေ။ ဖြစ်ချင်တော့ အဲ့မီးလောင်တဲ့အချိန် သခင်ကြီးခေါ်ခိုင်းလို့ဆိုပြီး တစ်ပိုင်းလုံး သခင်ကြီးအိမ်ရောက်နေတာ။ အဲ့တာကြောင့်မို့ သခင်ကြီးအိမ်မှာ လူများနေတာလေ။ အိမ်ကတော့ ပြာပဲကျန်တယ်။ လူလည်းသေသွားတယ်။ တစ်မိသားစုလုံးလို့ပြောတယ်။ မိန်းမက ကျန်းမာရေး မကောင်းဘူး။ သမီးကလည်း ခေါင်းသိပ်မကောင်းဘူးလေ။ ဉာဏ်ရည်ချို့တဲ့တာပေါ့။ အဲ့ကိစ္စ နန်းတွင်းခုံရုံးကတောင် လာစစ်သေးတယ်။ လူသေမှုဖြစ်သွားလို့။ လူတွေကတော့ ရှို့မီးလို့ပြောကြတာပဲ။ နောက်ပိုင်း ဘယ်လိုဖြစ်သွားလဲမသိဘူး။ ပျောက်သွားတာပဲ။"

"မြောက်ပိုင်းတစ်ပိုင်းလုံး ငါ့အဖေအိမ်ရောက်နေပြီး ဘာလို့ သူတို့ပဲ မလာတာလဲ။ ငါ့အဖေနဲ့ ကင်းလို့လား.."

"ဘယ်ကသာ။ ဘယ်ကကင်းရမှာလဲ။"

"အ့ဆို ဘာလို့ မလာတာလဲ။ သူတို့မသိစရာတော့ အကြောင်းမရှိဘူး။ နောက်...အဲ့နေ့က ငါမှတ်မိသလောက် ငါ့အဖေက အိမ်မှာမရှိဘူးလေ။ မယ်မယ် ရီဆိုး(ဘုရင့်ကြင်ယာတော်)ကို သွားတွေ့မယ်ဆိုပြီး မနက်ကတည်းက ထွက်သွားတာလေ။ ကြားထဲမှာ လှည့်ကွက်တစ်ခုခုတော့ ရှိရမှာပဲ။"

Uncontrollable ||COMPLETED||Où les histoires vivent. Découvrez maintenant