Ep-28{Finale}

8.4K 736 102
                                    

(Unicode)

This is the last chapter of this UNCONTROLLABLE,
So please give me feedback also in line comments 😙😙😙😙
အောက်ဆုံးမှာ ကျေးဇူးတင်လွှာပါပါတယ်နော်။
ဖတ်ပေးကြပါ။ အေးအေးဆေးဆေးဖတ်လို့ရအောင် ညဘက်မှ တင်ပေးတာပါ။

***

တကယ်တော့ လောကမှာ
ထိန်းချုပ်ရအခက်ဆုံး စိတ္တဇနာမ်က
စိတ်ဆိုတာပါပဲ..........။

***

ဒီအဖြစ်အပျက်တွေဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းတော့
Jiminလည်းခေါင်းထဲမထည့်တော့ဘဲ ပုံမှန်အတိုင်းပဲ ‌နေလာရင်း....တစ်လခန့်အကြာ.......

"Appa......"

နောက်ဖေး ဟင်းချက်နေသည့်နေရာဆီသို့ byul လေးက လာခေါ်တာကြောင့်....

"Waeee....???"

"ဟို ဦးလေးကြီးရောက်နေတယ်။"

"ဘယ်ဦးလေးကြီးလဲ..."

"Jung Kook Arrjushi....."

"ဟမ်...."

အလျင်အမြန် ထမင်းအိုးကို ချပြီး ရှေ့ခန်းပြေးထွက်သွားတော့ အဘွားနှင့် စကားပြောနေသည့် သူနှင့်ဆူဘင်း။ သူ့ကိုမြင်တော့ အဘွားက...

"အာ...မြေးလေး လာလေ...."

"မင်း...မင်း ဘာလာလုပ်တာလဲ Jung Kook......"

"‌၅နှစ်က မလုံလောက်သေးဘူးလားအစ်ကို......"

"မင်း......"

မျက်ရည်တို့က ဝေ့သီလာသည်။ ဘာလို့.....
ဘာလို ငါ့ကိုမမေ့သေးတာလဲ။ ဘာလို့ ငါ့ထက်ပိုကောင်းတဲ့လူတစ်ယောက်ကိုရှာပြီး ‌မနေနိုင်ရတာလဲ။

"ပြန်လာပါတော့လား အစ်ကိုရယ်။"

ကျဆင်းလာတော့မည့် မျက်ရည်တစ်ပေါက်ကို သူကမန်းကတန်းသုတ်လိုက်မိသည်။
ငါ့မှာရှိနေတဲ့အကြောက်တရားတွေကို မင်းဘယ်လို ပယ်ဖျက်မလဲ Jung Kook။
ဘေးပတ်ဝန်းကျင်ရဲ့အပြောတွေ၊ ငါက မင်းနဲ့ မထိုက်တန်ဘူးဆိုတဲ့ အတွေးတွေ။
ငါ ဘယ်လိုစိတ်နဲ့ မင်းဘေးမှာ စိတ်ရှင်းရှင်းရှင်သန်နိုင်မှာလဲ။

"အတွေးတွေမများနဲ့အစ်ကို။ မောင့်ဆီပြန်လာခဲ့ပါ။
ဘယ်သူ့အပြောမှ ဂရုမစိုက်ပါနဲ့။"

"Arrnee...ဒီမှာလည်းငါအဆင်ပြေပါတယ်။"

"အဆင်ပြေတယ်....။ ဟုတ်လို့လား....။ ညတိုင်းလိုလို ဂယောင်ဂတမ်းတွေ ထ ထယောင်ပြီး ငိုနေတာ အဆင်ပြေတာလား။ တစ်ယောက်တည်း အထီးကျန်ရင်း ရှေ့ဆက်နေရတာ အဆင်ပြေတာလား။ ဟုတ်လို့လားအစ်ကို....."

Uncontrollable ||COMPLETED||Tempat cerita menjadi hidup. Temukan sekarang