1.

9.2K 463 16
                                    

"လုံးဝမဖြစ်နိုင်ဘူး"

Jungkookရဲ့စကားအဆုံးမှာ လက်မခံနိုင်တဲ့အသံတွေ နှင့်အတူသူ့အစ်ကိုဆီက 'ထင်ထားပြီးသား'ဆိုတဲ့အကြည့်တစ်ခုပါလာသည်..သူ့ရဲ့စိတ်မဝင်စားတဲ့ရုပ်သေတစ်ခုကိုဖော်ဆောင်ထားရင်းပျင်းရိစွာ သူသမ်းလိုက်သည်..

"အခုသွားလို့ရပြီလား"

စိတ်မရှည်တဲ့ပုံစံနှင့်မျက်ခုံးတစ်ဖက်ပင့်ကာ သူ့မိဘတွေကိုသူကြည့်လိုက်သည်..

"ဘယ်သူမှကျွန်တော့်ကိုစိတ်ဝင်စားစေတာမျိုးမရှိဘူး..ရှိလာမှာလည်းမဟုတ်ဘူး"

ဘုရင်နှင့်ဘုရင်မက တစ်ယောက်နှင့်တစ်ယောက်စိတ်အနှောင့်အယှက်ဖြစ်နေသောပုံဖြင့်ကြည့်လိုက်ကြသည်..ထို့နောက်ဘုရင်ကြီးက ရုတ်တရက်ထလာပြီး Jungkookဆီသို့လျှောက်လာကာ ခြိမ်းခြောက်သောပုံစံဖြင့်သူ့မျက်နှာကိုလက်ညှိုးနှင့်ထိုးကာ

"ငါပြောတာနားထောင်စမ်း"

ဘုရင်ကြီးရဲ့အကြည့်တွေကဒေါသမီးတောက်နေရာ Jungkookပင်ပြာကျသွားလောက်သည်..

"မင်းနောက်တစ်ယောက်ကိုထပ်ငြင်းကြည့်လိုက်..ဘာဆက်ဖြစ်မလဲမင်းပဲသိလိမ့်မယ်"

ဒီခြိမ်းခြောက်မှုတွေက Jungkookအပေါ်ဘာသက်ရောက်မှုမှမရှိ..အတွင်းထဲမှာသူကကြိတ်တောင်ရီချင်သေးသည်..

သူ့မိဘတွေကသူလက်ထပ်ဖို့ ကိစ်စ ကိုအသည်းအသန်ဖြစ်နေသလောက် သူကလည်း သူ့ဘဝကြီးကို လူတစ်ယောက်ဘဝထဲမှာကြိုးတုပ်ပြီးထားရမှာကိုသေလောက်အောင်ကြောက်သည်..လက်ထပ်ထိမ်းမြှားခြင်းအကြောင်းကိုကြားတိုင်းသူ့စိတ်ထဲတွင် ‌ပြင်းထန်သော တွန်းကန်မှုတွေဖြစ်လာသလိုခံစားရပြီး သူ့မိဘတွေကဘာလို့သူ‌မိန်းကလေးတစ်ယောက်ရဲ့လက်ကိုလက်စွပ်တစ်ကွင်းစွပ်ပေးမှာကို အရမ်းမြင်ချင်နေမှန်းကိုသူမသိ..

"ဒီဟာကအဖေ့ကိုဘယ်လို သက်ရောက်မှုတွေဖြစ်စေမှာလဲကျွန်တော်နားမလည်ဘူး"

ရွဲ့သလိုပုံစံဖြင့် သူခုံကနေထလိုက်သည်..

"ပြီးတော့ ကျွန်တော်ကလည်းအဖေ့ရဲ့တစ်ဦးတည်းသော သားမှမဟုတ်တာ..Yoongiကကျွန်တော့်ထက်ပိုပြီး romanticဆန်တာပဲဟာကို"

Royalty || Taekook[Trans]Where stories live. Discover now