9.

1.8K 230 9
                                    

Jungkookသူ့အိပ်ရာမှာလှဲ‌ရင်း မျက်နှာကြက်ကိုကြည့်ကာ စဉ်းစားနေမိသည်..မနက်မိုးလင်းရောင်ချည်ပျိုးတော့ သူ့အခန်းထဲမှာ လိမ္မော်ရောင်လှလှလေးရောင်ပြန်ဟပ်သည်..

သူTaehyungကိုပြောခဲ့မိတာကိုသူ့ကိုယ်သူမယုံနိုင်..အဲ့အချိန်တုန်းကမသိလိုက်ပါဘဲနဲ့ပါးစပ်ကလှစ်ကနဲထွက်သွားခဲ့တာ..

ထူးဆန်းသည်..သူ့ကိုယ်သူလည်းဘာဖြစ်နေမှန်းကိုမသိ..Taehyungကိုမီးဖိုချောင်ထဲမှာစစတွေ့တဲ့အချိန်သူပထမဆုံးအကြိမ်စကားလုံးတွေပျောက်ကုန်သည်..သူပြောမယ့်အရာတွေအကုန်လုံးကလည်ချောင်းထဲမှာဆို့နေခဲ့သည်..

သူယောက်ျားလေးတွေကိုစိတ်မဝင်စားတာသိပေမဲ့ ဘာလို့ဒီအစေခံရှေ့မှာမှ သနားစရာကောင်လေးရုပ်ပေါက်နေရတာလဲ..

တစ်ဖက်မှာတော့ဆံပင်အပြာနဲ့ကောင်လေးကအိပ်ရာပေါ်မှာလှဲရင်း မီး‌ဖိုချောင်မှာတုန်းကမင်းသား သူ့ကိုပြောသွားတာကိုတွေးမိရင်းပြုံးမိသည်..မင်းသားရဲ့စကားတွေကိုသူ့ခေါင်းထဲမှာထပ်ကာတလဲလဲ ပြန်ကြားနေရသည်..

"ငါ့ကိုJungkookလို့ခေါ်လို့ရတယ်"

သူJungkookကိုအရမ်းဆွဲဆောင်မှုရှိသည်ဟုထင်မိသည်..မထင်မိတဲ့လူရှိလို့လား..Jennieနဲ့Hoseokတောင်မင်းသားဘယ်လောက်ချောကြောင်းပြောနေကြတာကြားမိသေးသည်..

ဒီကိုမလာခင်တုန်းက Jungkookနဲ့Yoongiကိုအရမ်း သိုသိပ်ပြီးမဖော်ရွေဘူးလို့သူကြားခဲ့တာ..ဒါပေမဲ့Jungkookရဲ့အပြုအမူတစ်ချို့ကသူ့ကိုဘယ်သူနဲ့မှမတူတဲ့ပုံစံအသစ်ကိုပြပေးသလို..နာမည်အရင်းနဲ့တပ်ခေါ်ဖို့ပြောတာကိုသူမယုံနိုင်..

သူပင်ပန်းမှုကြောင့်မျက်လုံးတွေမှိတ်ပြီးအိပ်ဖို့ကြိုးစားလိုက်သည်..ခေါင်းထဲမှာတော့ဆံပင်အနက်ရောင်နှင့်မင်းသားကိုသာမြင်နေခဲ့သည်..သူ့မင်းသမီးရဲ့သတို့သားကိုဒီလိုစိတ်ကူးယဉ်လို့မရတာသိပေမဲ့လည်းပေါ့..

...................................………...........................

နောက်နေ့မနက်ကျတော့ Jungkookသူ့အစ်ကိုနဲ့အတူသူ့အစေခံJiminတို့နှစ်ယောက်သူ့အခန်းထဲအတင်းဝင်လာတာကြောင့်နိုးလာခဲ့သည်..

Royalty || Taekook[Trans]Where stories live. Discover now