နောက်တစ်နေ့မနက်..
Jiminရဲ့အဆက်မပြတ်တံခါးခေါက်သံနောက်မှာ Jungkookနိုးလာခဲ့သည်..
"ဘာလဲ"
နေရောင်စူးစူးကြောင့်မျက်လုံးကိုမနည်းအားယူဖွင့်ရင်းသူမေးလိုက်သည်..
"ဆယ်နာရီထိုးပါပြီ ဆရာ..ဘုရင်ကြီးက မင်းသမီးကိုနောက်ဆယ်မိနစ်အတွင်းလာနှုတ်ဆက်စေချင်ပါတယ်"
ယဉ်ကျေးစွာပြောပြီး Jiminရဲ့ခြေသံသဲ့သဲ့ဟာYoongiရဲ့ အခန်းဘက်ကိုဦးတည်သွားတာကိုJungkookကြားလိုက်သည်..
မြောက်ကိုရီးယားမိသားစုဒီနေ့ပဲရောက်ပြီဆိုတာကိုသတိရတော့ မင်းသားတော်တော်တုန်လှုပ်မိသည်..နောက်ဆယ်မိနစ်အတွင်းမင်းသမီးကိုတွေ့ရတော့မယ်ဆိုတာကိုတွေးမိမိချင်း သူတော်တော်စိတ်ပျက်မိသည်..
သူ့နေရာကိုပြန်သတိရသွားပြီဖြစ်ပြီး မင်းသားတစ်ယောက်အနေနဲ့လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရတော့မည်ဆိုတာကိုလည်းသတိရသွားသည်..သူ့ကိုယ်ထဲကတစ်စိတ်တစ်ပိုင်းက အရာအားလုံးကိုစွန့်လွှတ်ပြီးထွက်သော်လည်းတစ်စုံတစ်ခုကသူ့ကိုမလုပ်အောင်တားနေပုံရသည်..
သူထွက်သွားလျှင်သူ့အစ်ကိုကိုမတွေ့ရတော့မှာကိုကြောက်တဲ့စိတ်ကြောင့်ပဲဖြစ်မယ်ထင်ပါသည်..သို့သော်သူထွက်သွားမည်ဆိုလျှင်သူ့အစ်ကိုကသူ့နောက်ကမုချတူတူလိုက်လာမည်ဖြစ်သည်..
ပြန်စဉ်းစားကြည့်ရင်သူတို့နှစ်ယောက်လုံးကဒီနန်းတွင်းဘဝနှင့်လုံးဝမကိုက်ပေ..တာဝန်ယူစိတ်တွေ ကိုယ်ကျင့်တရားကောင်းမှုတွေဘာတွေကသူတို့ရဲ့အရင်းခံမှာပါမလာသလိုခံစားရသည်..
"Jungkook ah?"
ရင်းနှီးတဲ့အသံတစ်ခုက တံခါးခေါက်သံနှင့်အတူပါလာသည်..
"အဆင်သင့်ဖြစ်ပြီလား"
"ပြီးတော့မယ် ဆော့ဂျင်"
အိပ်ရာထဲကခုန်ထွက်ပြီး Jiminသူ့အတွက်မနေ့ညတည်းကထုတ်ထားပေးတဲ့ဝတ်စုံကိုမြန်မြန်ကောက်ဝတ်လိုက်သည်..
"ခဏပဲစောင့်"
Jungkookရဲ့အိပ်ချင်မူးတူးအသံကြောင့်စိတ်ထဲကနေ အဲ့ကလေးကိုဆူမိသည်..သူတို့နောက်ကျတော့မည်..
YOU ARE READING
Royalty || Taekook[Trans]
Fanfictionမင်းသမီးတွေအားလုံးကိုလက်ထပ်ဖို့ငြင်းဆန်ခဲ့တဲ့တောင်ကိုရီးယားကမင်းသားလေးတစ်ပါးက အစေခံကောင်လေးတစ်ယောက်နန်းတော်ထဲလမ်းလျှောက်တင်လာတာကိုတွေ့တဲ့အခါ ဒီဇာတ်လမ်းလေးအစပျိုးသည်~ Side ship-Yoonmin A new Taekook trans by @ SusanGrey9503 Original by @corruptedspits