6.

2.2K 256 5
                                    

"ဒီနေ့မှာဒီလိုမျိုး ညစာစားပွဲလေးကျင်းပရတာကို ကျွန်ပ်တို့ဘက်ကအရမ်းဝမ်းမြောက်မိပါတယ်"

ဘုရင်Jeonကtoastလုပ်ဖို့သူခွက်ကိုမြှောက်ရင်းပြောလိုက်သည်..တွေကလည်းပြုံးရွှင်ရင်းသူတို့ဖန်ခွက်တွေကိုမြှောက်ထားကြသည်..

"ဧည့်သည်တွေရောက်လာတာကိုကြိုဆိုဖို့အတွက် ကပွဲတစ်ခုစီစဉ်ပေးမှာဖြစ်ပါတယ်..အဲ့ပွဲမှာပဲJungkookနဲ့Jennieတို့ရဲ့စေ့စပ်ခြင်းကိုဆောင်ရွက်ကြမှာဖြစ်ပါတယ်"

မင်းသားငယ်ကတော့ လည်ချောင်းထဲမှာဆို့နေသလိုခံစားချက်ကိုခဏမေ့ထားပြီး ဟန်ဆောင်ပြုံးနေရသည်..စိတ်ထဲမှာတော့ဒေါသမီးတွေကတောက်လောင်နေသည်..

ကပွဲမှာစေ့စပ်တာမပြောနှင့်..သူ့ရှေ့ကလူကိုလက်ထပ်ရမည်ဆိုတာကိုတွေး‌လေ စိတ်တွေတိုလေဖြစ်သည်..

ညစာစ စားတဲ့အချိန်ကတည်းကသူဖြစ်ချင်တာကတော့ ဒီမိန်းကလေးရဲ့အဝေးဆုံးကိုထွက်ပြေးချင်တာပင်ဖြစ်သည်..သူ့အတွက်တော့Jennieကတစ်စက်မှစိတ်ဝင်စားစရာမကောင်းပေ..လေးရဲ့ပုံရိပ်ကိုလည်းမျက်လုံးထဲမှာမြင်နေသည်..

"ဒီနေ့ထူးထူးဆန်းဆန်းမင်းငြိမ်နေပါ့လား"

သူ့အစ်ကိုကသူ့နားနားကပ်ပြီးတိုးတိုးလေးပြောလိုက်သည်..ဘုရင်နှစ်ပါးကတော့ လာမယ့် မင်္ဂလာပွဲအကြောင်းကိုဆက်ပြောနေခဲ့သည်..

Jungkookအံကြိတ်ရင်းလက်သီးဆုပ်ထားမိသည်..သူ့တစ်ကိုယ်လုံးပူရှိန်းရှိန်းနဲ့လောင်မြိုက်နေသလိုခံစားရသည်..ရှေ့မှာတင်သူဘယ်လိုခံစားရလဲဂရုမစိုက်ဘဲလက်ထပ်ပွဲကိုစီစဉ်နေတဲ့သူ့အဖေကိုဘယ်လိုမှမယုံနိုင်ပေ..

"အဖေ"

သူ့ခုံကနေထရပ်ရင်းJungkookပြောလိုက်သည်..

"ဒီညစာစားပွဲကပျော်ဖို့ကောင်းပေမဲ့Yoongiနဲ့ကျွန်တော်ကမနက်ဖြန်အမဲလိုက်ပွဲအတွက်ပြင်ဆင်စရာလေးတွေရှိနေပါတယ်..အဖေခွင့်ပြုရင်ပေါ့"

သူ့စကားလုံးတိုင်းမှာ ရွဲ့လေသံပါသည်ဆိုတာကိုသူ့အစ်ကိုရောသူ့အဖေရောသတိထားမိပုံရသည်..ဒီစားပွဲကနေအမြန်ဆုံးသူထွက်သွားချင်တယ်ဆိုတာကိုလည်းသူတို့သိသည်..

Royalty || Taekook[Trans]Where stories live. Discover now