7.

2K 248 0
                                        

Jungkookသူ့မျက်နှာကိုခေါင်းအုံးနဲ့အပ်ရင်း စိတ်တိုနေမိသည်..လွန်ခဲ့တဲ့နာရီအနည်းငယ်တည်းကသူအိပ်ဖို့ကြိုးစားနေပေမဲ့ လုံးဝအလုပ်မဖြစ်နေပေ..

သူအိပ်ဖို့မျိုးစုံကြိုးစားသော်လည်း အိပ်ပျော်ခါနီးဖြစ်သွားလိုက် မျက်လုံးပြန်ကျယ်ပြီး ဘယ်လိုမှအိပ်မရပေ..

သူပက်လက်လှန်လိုက်ပြီး မျက်နှာကြက်ကိုသာစိုက်ကြည့်ရင်း သူတွေးမိသည်က Taehyungအကြောင်း..သူယောက်ျားတွေကိုသဘောမကျတတ်ပေမဲ့ ဒီဆံပင်ပြာပြာနဲ့ကောင်လေးက သူ့ကိုအဲ့ကောင်လေးအကြောင်းသိချင်လာအောင်တစ်ခုခုလုပ်နေသလိုလို..

ပုံမှန်အားဖြင့် မင်းသားက သာမန်အစေခံတွေနဲ့အဆက်အဆံလုပ်လေ့မရှိ..ရာထူးကလည်းတအားကွာလေသည်..ဒါပေမဲ့Taehyungနဲ့စကားနည်းနည်းပါးပါးပြောကြည့်မည်ဟုသူစီစဉ်ထားသည်..မနက်ဖြန်ဆိုပေမဲ့အခုပဲမနက်၂နာရီဆိုတော့ ဒီနေ့ပေါ့..

မိနစ်အနည်းငယ်ကုန်သွားပေမဲ့သူဘယ်လိုမှအိပ်လို့မရ..ပင်ပန်းတာထက် နိုးကိုနေတာသူက..

ဆက်အိပ်ဖို့မကြိုးစားတော့ဘဲအိပ်ရာထဲကထထွက်လာခဲ့သည်..မိုးမလင်းခင်ထိဒီအိပ်ရာထဲခွေပြီးဘာလုပ်ရမှာလဲ..

ပေါ့ပေါ့ပါးပါးshirtတစ်ထည်ကောက်စွတ်ပြီး အခန်းပြင်ကိုထွက်လာခဲ့သည်..သူ့အခန်းအပြင်ကစောင့်နှစ်ယောက်ကသူ့ကိုအံ့ဩတဲ့ပုံနဲ့ကြည့်နေပေမဲ့ ဖြေရှင်းချက်ပေးစရာအကြောင်းမရှိ..အေးပေါ့ တစ်ခါမှညကြီးသန်းခေါင်သူအပြင်ထွက်လေ့မှမရှိတာ..

Hallwayထဲမှာကြားရတဲ့အသံဆိုလို့သူ့ခြေသံကလွဲရင်ဘာမှမရှိ..သူ့ကိုယ်သူဘယ်သွားလို့သွားနေမှန်းမသိပေမဲ့ နန်းတော်စားဖိုဆောင်ဘက်ကိုဦးတည်‌လိုက်မိသည်..တော်ဝင်တွေအတွက်မနက်စာကိုနောက်ငါးနာရီလောက်မှာ ပြင်ပေးရမှာဆိုတော့ ဆော့ဂျင်ရှိနေလောက်မည်ထင်သည်..

Pantryရဲ့တံခါးကိုတွန်းဖွင့်ပြီးသူဝင်လာတော့ အခန်းကျယ်ထဲမှာစားစရာပေါင်းစုံနှင့်..ခြင်းတွေနဲ့မုန့်တွေကိုသေချာစီရီထားသည်ကတော့ စားဖိုမှူးဆော့ဂျင်ရဲ့အကျင့်ပဲဖြစ်သည်..ဘယ်အရာမဆိုသပ်သပ်ရက်ရက်မှသူကကြိုက်တာကိုး..

Royalty || Taekook[Trans]Where stories live. Discover now