"ကျွန်တော်ပဲဖြစ်နေတာလား ဒါမှမဟုတ် အစ်ကိုကပဲတစ်နေ့တစ်ခြားပျင်းစရာကောင်းလာတာလား"
သူ့မျက်ခုံးတွေကိုပင့်ပြီးJungkookမေးလိုက်သည်..
မင်းသားနှစ်ယောက်ကသူတို့နန်းတော်ရဲ့ပန်းခြံထဲမှာ နာရီအနည်းငယ်ကြာအောင်အပန်းဖြေနေကြသည်..တောင်ကိုရီးယားရဲ့ ပူနွေးတဲ့နေ့ရက်တွေရောက်လာပြီကိုး..
"ပြောလည်းပြောတတ်သေးတယ်..မင်းလုပ်သမျှကအပြစ်တင်နေတာကြီးပဲကို"
သူ့ညီကိုတစ်ချက်ကြည့်ပြီးYoongiပြောလိုက်သည်..
"အနည်းဆုံးတော့ကျွန်တော့်မှာ ရောဂါတစ်ခုခုရှိနေတဲ့ပုံနဲ့ရည်းစားမရှိဘူးလေ"
သူ့မြင်းရဲ့လည်ဆံမွှေးတွေကိုပွတ်သပ်ပေးရင်းJungkookပြောလိုက်သည်..
"တကယ်ပါပဲ..အစ်ကိုကရွံစရာကြီး Yoongs"
"ရောဂါ?"
အစကတော့Yoongiခေါင်းရှုပ်သွားပေမဲ့နောက်မှာသူ့ညီဘာပြောလဲသူသိတော့သည်..သူမနေ့ညကပေးခဲ့တဲ့Jiminလည်ပင်းက အမှတ်တွေကိုပြောနေတာပဲ..
"အော်..'ငါ့မှာရည်းစားရှိလို့လာမရှုပ်နဲ့'ဆိုတဲ့ပုံစံနဲ့ရောဂါလား"
Jungkookတစ်ချက်ရီလိုက်ပြီးသူ့ခေါင်းကိုခါလိုက်သည်..ထို့နောက်သူ့မြင်းပေါ်ကိုသူခပ်မြန်မြန်တက်လိုက်သည်..
"တော်သေးတာပေါ့..ကျွန်တော်ကတော့အဲ့လိုရောဂါကနေခံစားရမှာမဟုတ်ဘူး"
သူ့အစ်ကိုမြင်းပေါ်တက်တာကိုလှည့်ကြည့်ရင်းJungkookပြောလိုက်သည်..
"သူမနက်ဖြန်လာတော့မှာ..ငါသူ့အကြောင်းတွေအများကြီးကြားထားတယ်"
သူတို့နှစ်ယောက် နေရဲ့အပူချိန်ငွေ့ငွေ့ကိုခံစားရင်း နန်းတော်ဘက်ကိုပြန်လာတဲ့အချိန်Yoongiစကားစလိုက်သည်..
နွေဦးရာသီကတောင်ကိုရီးယားရဲ့အကောင်းဆုံးအချိန်ဖြစ်သည်..အနည်းဆုံးတော့Jungkookအတွက်မှန်သည်..ဒီတစ်လော နန်းတော်ထဲမှာနေတာထက် မင်းသားက အဆုံးမရှိတဲ့ပန်းခြံတွေထဲလျှောက်သွားတာနှင့် မြို့ထဲပတ်လည်တာမျိုးကိုသာလုပ်နေမိသည်..

YOU ARE READING
Royalty || Taekook[Trans]
Fanfictionမင်းသမီးတွေအားလုံးကိုလက်ထပ်ဖို့ငြင်းဆန်ခဲ့တဲ့တောင်ကိုရီးယားကမင်းသားလေးတစ်ပါးက အစေခံကောင်လေးတစ်ယောက်နန်းတော်ထဲလမ်းလျှောက်တင်လာတာကိုတွေ့တဲ့အခါ ဒီဇာတ်လမ်းလေးအစပျိုးသည်~ Side ship-Yoonmin A new Taekook trans by @ SusanGrey9503 Original by @corruptedspits