Jungkook hallတစ်ဖက်မှာရပ်ရင်း လှလှပပပြင်ဆင်ထားတဲ့ခန်းမကြီးကိုကြည့်နေမိသည်..စေချင်တာသေချာတဲ့အနေနဲ့တစ်ခြားတိုင်းပြည်ကဘုရင် ဘုရင်မတွေကိုပါဖိတ်ထားတာသူတွေ့သည်..
"ဒီလောက်လူများလိမ့်မယ်မထင်ထားဘူး"
Jungkookဘေးမှာတူတူရပ်ရင်းသူတို့ကိုလာနှုတ်ဆက်တဲ့တော်ဝင်မျိုးနွယ်တွေကိုခေါင်းငြိမ့်ပြရင်းYoongiပြောလိုက်သည်..
"Jiminလည်းမရောက်သေးဘူး"
Jungkookကတော့အင်းတစ်ခွန်းပဲပြောပြီးသူ့ဆံပင်တွေကိုဖွလိုက်သည်..သူတို့နှစ်ယောက်လုံးကိုသူတို့အဖေက အကောင်းစားsuitတွေအတင်းဝတ်ခိုင်းထားသည်..သူအစောပိုင်းကခိုးထွက်ဖို့ကြိုးစားပေမဲ့ သူ့အဖေသူ့ကိုမိသွားသည်မို့ပြန်ငြိမ်နေရသည်..
"ဒီလက်ထပ်ပွဲကိုမလုပ်ဖို့Jennieလည်းထင်ရင်ထင်နေလောက်မှာပါ"
သူကပွဲတစ်လျှောက်ဝေ့ကြည့်နေပေမဲ့ မြင်ချင်နေတဲ့ခေါင်းပြာပြာလေးကိုမတွေ့ရသေးပေ..
"ငတုံး..နောက်ကျမှရောက်တာ အထာဖမ်းတာကွ သူများတွေရဲ့attentionလိုချင်လို့"
အရမ်းကိုပျင်းနေတဲ့ပုံစံနဲ့Yoongiပြောလိုက်သည်..
"Jiminကလည်းအချိန်မှန်ရောက်လာမယ်ဆိုပြီးဘယ်ရောက်နေလဲမသိ"
"ကျွန်တော်ကဘယ်လိုလုပ်သိမှာလဲ!"
သူ့အစ်ကိုကလည်းသူ့ကိုစိတ်ပိုတိုအောင်လုပ်နေသည်..
"စိတ်ပျက်စရာကောင်းတယ်..ဒီပွဲတစ်ခုလုံးကျွန်တော့်အတွက်လုပ်တာတဲ့ pff"
သူ့ညီပြောတာကိုဘာမှဖြည့်မပြောဘဲနားထောင်ပေးလိုက်သည်..အစကမင်းသမီးကိုကြိုက်လောက်မယ်သူထင်ခဲ့သော်လည်း ဒေါသတွေထွက်လာတဲ့သူ့ညီကြောင့်မဖြစ်နိုင်ဘူးဆိုတာသူသိသည်..
"ဟော သူလာပြီ"
Jiminသူ့ဆီလာတာကိုမြင်တော့ချက်ချင်းကိုမျက်နှာပြုံးရွှင်သွားတဲ့Yoongi..
"Hi baby..ဒီနေ့အရမ်းလှတယ်"
တိုးတိုးလေး သူကပ်ပြောလိုက်သည်..
"ပါးစပ်ပိတ်ထား"
စိတ်ပျက်လိုက်တာဆိုတဲ့ပုံစံနဲ့Jungkookကြည့်လိုက်ပေမဲ့ သူ့အစ်ကိုကသူ့ပုခုံးကိုသာပုတ်ပြီး ကံကောင်းပါစေ ပြောကာ ball အပြင်ဘက်ကိုထွက်သွားလေသည်..

BINABASA MO ANG
Royalty || Taekook[Trans]
Fanfictionမင်းသမီးတွေအားလုံးကိုလက်ထပ်ဖို့ငြင်းဆန်ခဲ့တဲ့တောင်ကိုရီးယားကမင်းသားလေးတစ်ပါးက အစေခံကောင်လေးတစ်ယောက်နန်းတော်ထဲလမ်းလျှောက်တင်လာတာကိုတွေ့တဲ့အခါ ဒီဇာတ်လမ်းလေးအစပျိုးသည်~ Side ship-Yoonmin A new Taekook trans by @ SusanGrey9503 Original by @corruptedspits