#Unicode
အအိပ်မက်တဲ့ ယွန်းတစ်ယောက်
နှိုးစက်သံကြောင့်
နိုးထရတဲ့မနက်တိုင်းကို
တခါမှ မငြိုငြင်ခဲ့ပါမငြိုငြင်ဆို သူ့ရဲ့အသည်းကျော်
ကျောင်းသွားတာကို
မနက်တိုင်းထကြည့်ဖို့က
သူ့ရဲ့ သမိုင်းပေးတာဝန်တခုလို
ဖြစ်နေသည်ကိုး10တန်းအောင်ပြီးခါစ
ယွန်းတစ်ယောက်ကတော့
အလုပ်မရှိအကိုင်မရှိ မမကိုသာနှာဘူးထဖို့
တနေ့တနေ့ တွေးနေတော့သည်😂နှာဘူးထတယ်ဆိုတိုင်း
ပေါ့ပျက်ပျက်တော့မထင်ကြစေလို
ယွန်း မကိုချစ်လာတာ
ဟိုးးးး ငယ်ငယ်လေးကတည်းက
ငယ်ငယ်ကတော့ အနေအေးလွန်းတဲ့
မ ကို အစ်မတစ်ယောက်လို
ချစ်တယ်ထင်ခဲ့ပေမဲ့
သိတတ်လာတဲ့အချိန်ကစ
မ ဟာနှလုံးသားထဲမှာ အမြစ်တွယ်နေပြီး
528 မေတ္တာနဲ့မဟုတ်ဘူးဆိုတာ
ပိုပိုသေချာလာခဲ့တယ်အိပ်ယာထ ရေမိုးချိုးပြီး
မ ကျောင်းသွားချိန်နီးလာတော့
အိမ်ရှေ့ကနေ ထိုင်စောင့်နေလိုက်တယ်လာပါပြီ ကိုယ့်အသည်းကျော်လေး
ဒီနေ့လဲ အပြာနုရောင်ဝမ်းဆက်လေးနဲ့
လှချင်းတိုင်းကို လှနေတဲ့ မမ
တနေ့တနေ့ မ ကျောင်းမှာ
ရည်းစားမရပါစေနဲ့လို့
အိမ်ကဘုရားစင်ရှေ့ ဖင်ဘူးထောင်းထောင်
ဆုတောင်းရတာလဲအမောပါပဲအသည်းကျော်လေး အိမ်ရှေ့ကနေ
ဆိုင်ကယ်နဲ့ ဖြတ်သွားတာကို
ငေးကြည့်ပြီးတဲ့ တာဝန်ပြီးသွားတော့
ညနေကျ စည်သူ့ဆီသွားလည်ဖို့
စဉ်းစားထားလိုက်သည်
စည်သူဆိုတာ တခြားသူတော့မဟုတ်
မမရဲ့ တစ်ဦးတည်းသောမောင်
ကိုယ့်ရဲ့အကောင်းဆုံးသူငယ်ချင်းသိမ့်ကျောင်းကပြန်လာတော့
စပ်စလူးမလေးက အိမ်ကိုရောက်နေပြန်သည်
စည်သူနဲ့စကားတွေပြောရင်း
ကိုယ့်ကိုမြင်တော့ ချက်ချင်းသွားလေးဖြီးကာ"မမ ကျောင်းကပြန်လာပြီလား"
"အင်း ညီမလေး အိမ်လည်လာတာလား"
"ဟုတ်ကဲ့ မမ စည်သူနဲ့လဲ
မတွေ့ရတာကြာလို့လေ""ဟဲ့ ဘာကြာတာလဲ မနေ့ကမှညည်းနဲ့
မုန့်သွားစားသေးတယ်လေ အမလေး"
YOU ARE READING
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်
Short Story#Unicode ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စောက်ရမ်းချစ်မိနေတဲ့ ဒီလူကလဲ မ ရက်စက်လေ ပိုချစ်လေဆိုတာ တနေ့တခြားသိလာစေရမယ်🤨 #Zawgyi ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စေ...