အပိုင်း (၃၀)

11.2K 888 78
                                    

#Unicode
"မမ မမနင်သိပြီးပြီလား
ယွန်းကျောင်းပြောင်းတော့မယ်တဲ့"

စည်သူအမောတကောနဲ့
အခန်းထဲပြေးဝင်လာပြီး
ပြောလိုက်တဲ့စကားကြောင့်
Power Pointရိုက်နေတဲ့
laptopပေါ်ကသိမ့်လက်တွေ
ရပ်တန့်သွားပြီး
"နင်ကဘယ်ကကြားလာတာလဲ
အငယ်ကောင် သေချာလို့လား"

"ယွန်းကိုယ်တိုင်ငါ့ကိုပြောတာမမ
နင်ကသူ့အပေါ်အရမ်းရက်စက်ပြနေတာကိုဟာ
သူခံနိုင်ရည်မရှိတော့ဘူးတဲ့
သူ့ကိုလုံးဝဂရုမစိုက်တဲ့နင့်ကို
မြင်တိုင်းသူ့ရင်ကို ဓါးနဲ့ခွဲနေသလိုပဲတဲ့"

ဘေးနားလာပြီး ဆွေးဆွေးမြေ့မြေ့
ပြောပြနေတဲ့ အငယ်ကောင့်စကားတွေကို
မသိချင်ယောင်ဆောင်ကာ
"ပြောင်းတော့လဲကောင်းပါတယ်
သူလဲစိတ်သစ်လူသစ်နဲ့ ဘဝသစ်
စချင်လို့နေမှာပေါ့ ဒါနဲ့
ဘယ်ကိုပြောင်းမှာတဲ့လဲနင်သိလား"

"ရန်ကုန်ကိုတဲ့ ရန်ကုန်တက္ကသိုလ်က
ဒုပါချုပ်က သူ့အဒေါ်တဲ့လေ
မမ နင်ဘာလို့ယွန်းအပေါ်ကို
ချစ်ရဲ့သားနဲ့ ဒီလောက်ရက်စက်နေရတာလဲ
နင်ယွန်းကိုမသနားဘူးလား"

"ငါသူ့ကိုချစ်လို့ ခုလိုတွေ
လုပ်နေရတာပါ"

"ငါတော့နားမလည်နိုင်တော့ဘူး
ယွန်းကနင့်အတွက်နဲ့
ကျောင်းပြောင်းတော့မှာတောင်
နင်ကအေးအေးဆေးဆေးပဲ"

"ဒါတွေကို နင်ရောယွန်းရော
တနေ့တော့ အားလုံးနားလည်လာမှာပါ"

"ယွန်းကပြောတယ် သူမပြောင်းခင်
နင်နဲ့တခါလောက်တွေ့ချင်တယ်တဲ့
ဒီဆန္ဒလေးကိုတော့
နင်လိုက်လျောပေးလိုက်ပါဟာနော်"

စည်သူပြန်ထွက်သွားတော့
သိမ့်ဘာမှဆက်မလုပ်နိုင်တော့တာနဲ့
Laptopကိုပိတ်ပြီး ကုတင်ပေါ်လှဲကာ
ကလေးက မမဆီကထွက်ပြေးဖို့တောင်
ဆုံးဖြတ်လိုက်ပြီပေါ့ မြင်နေခွင့်လေးတောင်
မပေးချင်တော့တာလားကလေးရယ်.........

ဖေဖေကတော့ ဘာလို့ပြောင်းတာလဲ
မသိလို့ ကန့်ကွက်ပေမဲ့ မေမေနဲ့
ကိုကို့ရဲ့ ပြောပေးမှုကြောင့်နောက်ဆုံးတော့
ယွန်းကျောင်းပြောင်းဖို့အောင်မြင်သွားသည်
သွားခါနီးထိ‌ ယွန်းသိပ်ချစ်ရတဲ့
သိပ်တွေ့ချင်တဲ့မမက ယွန်းကိုတွေ့ခွင့်လေးတောင်
မပေးခဲ့ပါဘူးလေ သိပ်ရက်စက်နိုင်တဲ့မမပါပဲ......

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now