#Unicode
မမအခန်းထဲရောက်တော့
ကိုယ်ပေးထားတဲ့
စားပွဲပေါ်က ပုံတူပန်းချီလေးနဲ
ချိတ်ဆွဲထားတဲ့
Dreamcatcherလေးကိုကြည့်ကာ
ယွန်းသဘောကျနေမိသည်"ညီမလေးထိုင်ဦး
အစ်မအဝတ်လဲလိုက်ဦးမယ်"ပြောလဲပြော သူ့ဗီဒိုရှေ့သွားကာ
အင်္ကျီကို ဒီတိုင်းချွတ်ချလိုက်တော့
ဘော်လီလေးပဲ ကျန်နေခဲ့သည်ယွန်းလဲ တံတွေးအတင်းမျိုချကာ
မျက်နှာကိုလွှဲချလိုက်ရသည်
စိတ်ထဲကလည်း
'ယွန်းကို သတ်နေတာလား မမရယ်'"ညီမလေး ဘာဖြစ်နေတာလဲ
တခုခုဖြစ်လို့လား"အင်္ကျီလဲပြီး ယွန်းအနားပြန်သွားတော့
မျက်နှာတွေရော နားရွက်တွေရောရဲနေတာကို
တွေ့တော့ တခုခုဖြစ်တယ်ထင်ပြီး
သိမ့်မေးလိုက်သည်"ဘာ ဘာမှမဖြစ်ပါဘူး မမ"
"အင်း ဘာမှမဖြစ်ရင်လဲ ပြီးရော
မမတော့ ခဏလှဲဦးမယ်
ညီမလေးလဲ လာလှဲလေညောင်းနေရင်""ရ ရပါတယ်
ယွန်းမလှဲတော့ပါဘူး"ဒီ မမကတော့နော်
ဘယ်သူမှမရှိတဲ့ အိမ်ကြီးထဲ
နှစ်ယောက်တည်းကို
ယွန်းစိတ်လွှတ်ပေးလိုက်ရင်တော့
မမ မလွယ်ဘူးယွန်းတစ်ယောက်တည်း
တွေးချင်ရာတွေးပြီး
ထရယ်မိလိုက်ပြန်သည်"ဟော် တစ်ရောက်တည်း
ထရယ်နေပြန်ပြီ
ရယ်စရာရှိရင်လဲ ဒီကိုလဲမျှဦးလေ
အစ်မလဲ ရယ်ချင်တာပေါ့"ယွန်းအတွေးတွေ
စကားတွေလွဲသွားလို့မဖြစ်
ဒီနေ့တော့ ဒီအချိန်လေးမှာ
မမကို ရအောင်ကို ဖွင့်ပြောမယ်
တစ်ယောက်တည်းတွေးပြီး အားတင်းကာမမလှဲနေတဲ့ ကုတင်ပေါ်သွားပြီး
ဘေးနား ဝင်ထိုင်လိုက်ရင်း"မမ"
"အင်း ပြောလေ"
"ယွန်းလေ ယွန်း
ယွန်း မမကိုချစ်တယ်"မျက်လုံးကိုမှိတ်ကာ လက်သီးကိုဆုတ်ပြီး
မာန်ပါပါရည်းစားစကားပြောလိုက်တာ
အသံတောင်တော်တော်ကျယ်သွားသည်😄ယွန်းလဲစိတ်ရှိလက်ရှိ မျက်လုံးမှိတ်ကာ
ဖွင့်ပြောပြီး မျက်လုံးကိုတော်တော်နဲ့
ပြန်မဖွင့်ရဲ ဒါပေမဲ့မမဆီကလဲ
ဘာတုံ့ပြန်မှုမှမရ
VOCÊ ESTÁ LENDO
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်
Conto#Unicode ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စောက်ရမ်းချစ်မိနေတဲ့ ဒီလူကလဲ မ ရက်စက်လေ ပိုချစ်လေဆိုတာ တနေ့တခြားသိလာစေရမယ်🤨 #Zawgyi ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စေ...