#Unicode
ညကမမအိပ်တာလေးကို
ကြည့်ပြီး ခိုးနမ်းနေရတာနဲ့
အိပ်ရေးပျက်သွားလို့ ခုအိပ်ချင်နေပြီ ဟီးးး""ဟာ"
ပြောလဲပြော သိမ့်ထိုင်နေတဲ့ဘေးမှာ
သိမ့်ပေါင်ကို လှမ်းဖက်ပြီး
မျက်လုံးကို မှိတ်လိုက်သည်
သိမ့်မှာတော့ ဟာတလုံးသာ
ပြန်ပြောလိုက်နိုင်ပြီး
ဘာမှထပ်မပြောနိုင်တော့😄တကယ်လဲ လှဲပြီးခဏနေတော့
အိပ်ပျော်သွားတဲ့ ကလေးကိုကြည့်ကာ
သိမ့်စိတ်ထဲ ဘာကြောင့်မှန်းမသိ
ဝမ်းနည်းလာတယ်
ကိုယ့်ပေါင်လေးကိုဖက်ကာ
အိပ်ပျော်နေတဲ့ ကလေးလေးကိုကြည့်ပြီး
ရင်မောရတာတော့အမှန်ပါပဲအမြဲတမ်းအနာဂတ်အတွက် ကြိုတွေးတတ်တဲ့
သိမ့်အတွက်ကတော့ ကလေးနဲ့အတူတူ
စိတ်လွှတ်လိုက်ဖို့တော့ မလွယ်ကူလှပါ"ဒေါက် ဒေါက် ဒေါက်"
သိမ့်တွေးနေတုန်းမှာပဲ အပြင်ကတံခါး
ခေါက်သံကြောင့် ကလေးလက်လေးကို
အသာလေးဖယ်ကာ ထဖွင့်ပေးလိုက်သည်"အပြင်ကိုလမ်းလေးဘာလေး
သွားလျှောက်မယ်လေ မနက်ပြန်ရတော့မှာကို""ရှူးးး တိုးတိုးအငယ်ကောင်
ကလေးအိပ်နေတယ်""ဪ sorryမသိလို့ သူက
အချိန်အခါမဟုတ် ဘာလို့အိပ်နေတာလဲ""ရေချိုးပြီး အိပ်ချင်လို့တဲ့
ငါလဲမလိုက်တော့ဘူး
တစ်ယောက်တည်းထားခဲ့လို့
နိုးလာရင် ကြောက်နေဦးမယ်
နင်တစ်ယောက်တည်းသွားရင်လဲ
ဒီအနီးအနားပဲသွားနော် စိတ်ချမယ်""အမလေး ဒီကမောင်လေးထက်
ဟိုကအချစ်ကလေးကို ပိုစိတ်မချဖြစ်နေပြီး
မှာမနေပါနဲ့ အေးပါအေးပါ
ငါနားလည်ပါတယ် နှစ်ယောက်သား
အေးဆေးနေကြပါ လွန်လွန်ကြူးကြူးတော့
မဖြစ်စေနဲ့နော်""ပေါက်ကရက လာပြောနေပြန်ပြီ"
ပြောလဲပြော သိမ့်လက်ကလဲ
ခေါင်းပေါ် ခွက်ကနဲရောက်သွားတော့
ခေါင်းလေးပွတ်ကာ ပြန်ထွက်သွားသည်စည်သူပြန်ထွက်သွားတော့ သိမ့်တစ်ယောက်
ကလေးကုတင်ပေါ်ထိုင်ကာ
အိပ်နေတဲ့ကလေးမျက်နှာလေးကို
ထိုင်ကြည့်နေမိသည်
YOU ARE READING
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်
Short Story#Unicode ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စောက်ရမ်းချစ်မိနေတဲ့ ဒီလူကလဲ မ ရက်စက်လေ ပိုချစ်လေဆိုတာ တနေ့တခြားသိလာစေရမယ်🤨 #Zawgyi ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စေ...