#Unicode
ညနေကျောင်းဆင်းတော့
စည်သူကသွားစရာ
ရှိသေးလို့ဟုဆိုကာ
ယွန်းကို မမနဲ့ပြန်လိုက်သွားဖို့
ပြောပေးမည်ဆိုပြီး
မမဆီ ဖုန်းဆက်နေသည်ယွန်းလဲ ဘယ်သွားမှာလဲမေးနေပေမဲ့
စည်သူက မပြောပြ
ခုတလော စည်သူတခုခုကို
လျို့ဝှက်နေတာ သိပေမဲ့
သူကမပြောချင်တော့လဲ
အတင်းဇွတ်တော့ မမေးဖြစ်ပေ
မမနဲ့ ပြန်လိုက်သွားရမည်
ဆိုသောကြောင့်လဲ စည်သူဘယ်သွားသွား
ကောင်းသည်ဟုသာ တွေးနေတော့သည်😁စည်သူဖုန်းဆက်ပြီး ခဏနေကျ
မမကဆိုက်ကယ်နဲ့ ရောက်လာသည်"နင်က ဘယ်သွားမလို့လဲ အငယ်ကောင်"
"ငါသွားစရာရှိလို့ပါဟာ
နင်ပြန်မှာမလား ယွန်းကိုတင်သွားလိုက်နော်""တင်သွားလို့တော့ရတယ်
နင်ကယွန်းနဲ့အတူတူ
ကျောင်းသွားကျောင်းပြန်လုပ်နေတာကို
တခြားသူငယ်ချင်းတွေနဲ့
လျှောက်သွားမနေနဲ့လေ
နင်ထွက်ချင်ရင် အိမ်ရောက်မှ
တခေါက်ပြန်ထွက်ပေါ့""ဒီတရက်ထဲပါဟာ နင်ကလဲ
အိမ်ရောက်မှပြန်ထွက်ရင်
မိုးချုပ်နေမှာစိုးလို့ပါ""အေးပါ ဒါဆိုလဲစောစောပြန်ခဲ့
ညီမလေး သွားမယ် တက်"ယွန်းလဲ မမနောက်က
တက်လိုက်လာခဲ့သည်
မမမောင်းတဲ့နောက်က စီးဖူးတာ
ဒါယွန်းအတွက် ပထမဆုံးပါ
လေလေးကတဖြူးဖြူးနဲ့
မမ ကိုယ်သင်းနံ့လေးက
ယွန်းနှာခေါင်းထဲကို တိုးဝင်လာသည်
စံပယ်ရနံ့ရေမွှေးလေးက ခုချိန်ထိကို
မ ကိုယ်မှာ သင်းပျံ့နေတုန်း"ညီမလေး တခုခုဝင်စားမလား"
"ဟုတ်ကဲ့ စားမယ်"
"ဒါဆို လမ်းထိပ်ကဆိုင်ကိုပဲ
ဝင်လိုက်မယ်နော်"ဆိုင်ထဲရောက်တော့
"မမ ဘာစားမလဲ
ယွန်း တကာခံမယ်""ရပါတယ် ညီမလေးရဲ့
ညီမလေးသာ စားချင်တာမှာ
အစ်မရှင်းမယ်""မရပါဘူးနော်
ဒီတခါတော့ ယွန်းပဲကျွေးမယ်"သူရှင်းမယ် ငါရှင်းမယ်နှင့်
စားချင်တာမှာပြီးကြတော့
ယွန်းလဲ ပိုက်ဆံကို
ဦးအောင်ပေးလိုက်သည်
YOU ARE READING
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်
Short Story#Unicode ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စောက်ရမ်းချစ်မိနေတဲ့ ဒီလူကလဲ မ ရက်စက်လေ ပိုချစ်လေဆိုတာ တနေ့တခြားသိလာစေရမယ်🤨 #Zawgyi ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စေ...