ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၈)

12.6K 838 34
                                    

#Unicode
ကိုယ်ပူလဲကျသွားပြီ
မမ အိပ်ပျော်သွားပြီဆိုတာ
သေချာတော့မှ
ယွန်းလဲပြန်ဖို့ပြင်လိုက်သည်

ပြန်ဖို့အခန်းတံခါး ဖွင့်ပြီးမှ
မျက်နှာလေးတခါလောက်
ထပ်ကြည့်ချင်သေးလို့
အနားကိုပြန်သွားမိသည်

ဆေးသောက်ပြီး နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေတာလေးနားက
မခွဲချင်ပေမဲ့ အိမ်ပြန်ချိန်ကလဲ
ရောက်နေပြီ
မျက်နှာပေါ်ကျနေတဲ့ ဆံပင်လေးကို
သပ်တင်ပေးပြီးနောက်
ယွန်းစိတ်တွေကို ဘယ်လိုမှထိန်းမရတော့ပဲ
သိမ့်နှဖူးလေးပေါ် အနမ်းတပွင့်ရောက်သွားသည်

ပြီးတော့ အရဲစွန့်ကာ
နှုတ်ခမ်းဖူးဖူးလေးကို
အနမ်းတပွင့် ထပ်ခြွေလိုက်သည်
ယွန်းအတွက်လဲ မထမဆုံးအနမ်း
ဖြစ်တာကြောင့်တကြောင်း
ချစ်ရသူနှုတ်ခမ်းလေးက
အရမ်းကို နူးညံ့ချိုမြိန်‌နေတာကတကြောင်းမို့
ဘာမှကို ဂရုမစိုက်မိတော့ပဲ
သုံးလေးခါကို ထပ်နမ်းမိလိုက်သည်💚

သိမ့်ကတော့ အိပ်မောကျနေတာ
နဲနဲလေးတောင်မလှုပ်
ယွန်းလဲ စိတ်ကိုမနဲပြန်ထိန်းကာ
အခန်းအပြင်ကို ထွက်လာရသည်
ရင်ဘတ်ထဲက နှလုံးသားကတော့
ဘယ်လိုမှကို ထိန်းလို့သိမ်းလို့မရ
ဒီအချိန် တစ်ယော‌က်ယောက်
အနားကပ်ရင်တောင်
ယွန်းရဲ့ရင်ခုန်သံကို ကြားရလောက်တယ်

"စည်သူရေ ငါပြန်တော့မယ်
မမ အိပ်ပျော်နေပြီ
နင်မကြာမကြာ တက်ကြည့်လိုက်ဦးနော်
ပစ်မထားနဲ့ အဖျားလဲစမ်းပေးဦး
ပြန်တက်နေမှာစိုးလို့"

"အဲ့လောက်စိတ်မချ ဖြစ်နေရင်လဲ
မပြန်နဲ့လေ"

"မပြန်ချင်ဘူးဟဲ့ အိမ်မှာကလဲ
ကိုကိုပြန်ရောက်ပြီး ငါ့ကိုစောင့်နေလောက်ပြီ
မပြန်လို့ မရလို့"

"ယွန်း နင်ငါ့အစ်မအိပ်နေတာကို
ဘာမှတော့ မလုပ်ပါဘူးနော်"

စည်သူက စ လိုက်တာပေမဲ့
ယွန်းက တကယ်လုပ်လာမိတော့
ရှက်ကာ မျက်နှာကချက်ချင်းရဲလာသည်😂

"ဘာလုပ်ရမှာလဲ
ငါသွားပြီ နင်ဂရုစိုက်လိုက်နော်
စိတ်ချမယ်နော်"

ယွန်းရှက်ပြီး အမြန်ထွက်သွားတော့
စည်သူသဘောပေါက်ကာ
တစ်ယောက်တည်း ရယ်ပြီးကျန်နေခဲ့သည်
စည်သူ ယွန်းကိုတကယ်ကိုချစ်ပါသည်
သူသာ Straightတစ်ယောက်ဆို
ယွန်းကို ဖွင့်ပြောမိမှာပဲ
ဒါပေမဲ့အခုအချစ်ကတော့ ညီအစ်မလို
မောင်နှမလိုသာ ချစ်ခြင်းဖြစ်သည်

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now