အပိုင်း (၃၆)

12.2K 753 34
                                    

#Unicode
ဘာလိုလိုနဲ့ သိမ့်အလုပ်ဆင်းတာ
တပတ်တောင်ရှိပြီ
ဒီတခေါက်Sundayပိတ်ရက်ကတော့
အားသေးမယ်မထင်....
သိမ့်ရောက်လာကတည်းက စီစဉ်ထားရတဲ့နေ့လေး
ရောက်လာတော့မှာမို့ ရင်တွေခုန်နေတာ
ကလေးကတော့ မသိဘူးပေါ့

"မမ မနက်ဖြန်ပိတ်ရက်ကျရင်
ဘယ်သွားမှာလဲ"

"မသွားဘူးလေ အဆောင်မှာပဲနားမယ်
ကလေးဘယ်သွားချင်လို့လဲ"

"သွားချင်ပါဘူး ယွန်းလဲမနက်ဖြန်
သင်တန်းမသွားပဲ အဆောင်မှာပဲ
နားချင်လို့ အဲ့ဒါမမဆီခွင့်တောင်းမလို့"

"No Noမရဘူး သွားကိုသွားရမယ်"

"မမကလဲ ပိတ်ရက်လေးပဲ
တနေကုန်အတူတူရှိရတာကို"

"ညတိုင်းအတူတူရှိနေရတာကို
မရဘူးပြောပြီးပြီနော် ထပ်မပြောနဲ့တော့
သွားကိုသွားရမယ်"
ကလေးသင်တန်းကို သွားမှဖြစ်မှာ
ဒါမှသိမ့်အစီအစဉ်အောင်မြင်မှာမို့
သူမသွားလို့မဖြစ် မသိတဲ့ကလေးလေးကတော့
သူခွင့်တောင်းတာမရလို့ နှုတ်ခမ်းဆူပြီး
စိတ်ကောက်နေချေပြီ

"ကလေး ထမင်းစားမယ်"
စိတ်ကောက်ပြီး သိမ့်ကိုကျောပေးကာ
ဂိမ်းဆော့နေ၍ ခေါ်မရ

"ထမင်းစားမယ်လို့ မ ကဗိုက်ဆာနေပြီ
ဆာနေတာကို ကြည့်ရက်တယ်ပေါ့လေ"

"စားပေါ့ ကိုယ့်ဘာသာပဲ"

"လာပါ ကလေးလေးရဲ့
မ ခွံ့ကျွေးမယ် လာ"
ခွံ့ကျွေးမယ်ဆိုတော့မှ သိမ့်ဘက်လှည့်လာပြီး
ပါးစပ်လေး ဟနေလေရဲ့

ဂိမ်းဆော့ရင်း မမခွံ့ကျွေးတဲ့
ထမင်းကိုစားရတော့ သိမ့်မချော့ရပါပဲ
အလိုလိုစိတ်ကောက်ပြေသွားတဲ့ကလေး
"ယွန်း ဝပြီ မမ"

"အင်း မ ပန်းကန်ဆေးပြီးပြန်လာခဲ့မယ်"

ပန်းကန်ဆေးပြီးပြန်လာခဲ့မယ်ဆိုကာ
ထွက်သွားပြီး ယွန်းဂိမ်းတပွဲတိုက်ပြီးတာတောင်
ပြန်မဝင်လာသေးလို့ လိုက်သွားတော့
ထမင်းချက်တဲ့နေရာမှာ တခြားအဆောင်သူ
တစ်ယောက်နဲ့ ရယ်မောပြီးစကားပြောနေတဲ့သိမ့်ကို
မြင်လိုက်ရတော့ သဝန်တိုစိတ်ကလှိုက်တက်လာပြီး

"မမ"

"အင်း ယွန်း ဘာလို့ထွက်လာတာလဲ"

"မမက ကြာနေလို့ပေါ့ လာပြန်မယ်"
စကားပြောနေတာကို ကြားဖြတ်ကာ
လက်ကိုအတင်းလာဆွဲတော့ သိမ့်တားလိုက်ပြီး

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now