ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင် အပိုင်း(၁၁)

12.6K 844 58
                                    

#Unicode
မနက်နိုးလာတော့ ညကလဲ
ငိုထားတဲ့အရှိန်နဲ့မို့
ယွန်းခေါင်းကိုက်နေပေမဲ့
ကျောင်းသွားဖို့ လူးလဲထလိုက်သည်

ရေချိုးရင်းလဲ စဉ်းစားမိတာ
မမအကြောင်းပါပဲ

ဖွင့်ပြောအပြီး ပထမဆုံး
မမနဲ့ပြန်တွေ့ရင် ဘယ်လိုနေရပါ့
မမကရော ယွန်းကိုစိမ်းကားတဲ့အကြည့်တွေနဲ့
မုန်းနေမလား

မမအနား ရှိခွင့်ရတဲ့အချိန်လေးတွေ
ဆုံးရှုံးသွားလို့ နှမြောပေမဲ့
မမကို ဖွင့်ပြောလိုက်တာတော့
ယွန်း နောင်တမရပါ

အစကတည်းက မမငြင်းမဲ့
ဒီလိုအခြေအနေကိုလဲ စဉ်းစားထားတာမို့
ယွန်းလက်မလျော့ပဲ
မမနားကပ်ပြီး ဆက်ချစ်ဖို့သာ
ဆုံးဖြတ်ထားသည်

ကျောင်းသွားဖို့ အားလုံးပြီးတော့
စည်သူမလာသေးတာနဲ့ အိမ်ရှေ့ကပဲ
ထိုင်စောင့်ရင်း လမ်းဘက်ကြည့်နေတော့
ခရမ်းရောင် ဝမ်းဆက်လေးနဲ့
ဆိုင်ကယ်မောင်းပြီး ကျောင်းသွားတဲ့
မမကို တွေ့လိုက်ရသည်
ယွန်းအိမ်ဘက်ကိုတော့ နဲနဲလေးတောင်
စောင်းငဲ့ပြီး ကြည့်မသွားပါဘူး😅

ခဏလောက်ဆက်စောင့်ပြီး
စည်သူရောက်လာသည်

"ငါနဲနဲနောက်ကျသွားတယ် Sorry
နင်အဆင်ပြေရဲ့လား"

"ပြေပါတယ် ညကငိုထားတာ
မျက်လုံးအစ်နေတော့
အိမ်က မေးတာကို လှည့်ပတ်ဖြေရတဲ့
အခက်အခဲလေးတော့ ရှိတာပေါ့"

"ပြေရင်လဲပြီးရော ငါကစိုးရိမ်နေတာ"

ယွန်းစည်သူ့နောက်က တက်ထိုင်လိုက်တော့
ထူးထူးခြားခြား စည်သူမသုံးဖူးတဲ့
ရေမွှေးနံ့ရလိုက်သည်

"နင် ရေမွှေးနံ့ ပြောင်းထားတာလား
ဒီအနံ့ ငါမရဖူးပါဘူး
အရင်က အနံ့ပြင်းတဲ့ရေမွှေးဆို မကြိုက်လို့
အနံ့မထွက်တာပဲသုံးတယ်ဆို
နင်ထူးထူးခြားခြား ဖြစ်နေတာ
ကြာပြီ‌နော် စည်သူမ
ငါက အတင်းမမေးချင်လို့သာနေနေတာ
နင်တခုခုဖုံးကွယ်ထားတာ သိတယ်နော်"

ယွန်းပြောလဲပြော
ဆိုင်ကယ်ဘတ်မှန်ထဲကနေ
စည်သူ့မျက်နှာကို လှမ်းကြည့်လိုက်တော့
ပြောတာကို ငြင်းလဲမငြင်းပဲ
အချိုမချဉ်လုပ်ပြနေသည်

ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်Where stories live. Discover now