#Unicode
ယွန်းကအရေးပေါ်ခန်းထဲမှာမို့
ဖေဖေကယွန်းအနား ကောင်းမြတ်စံကတော့
မေမေ့အနားစောင့်ကြည့်နေရတယ်
နဂိုကတည်းကမှ နှလုံးရောဂါအခံရှိတဲ့
မေမေ့အတွက်ရော အတွေ့မြန်ပြီးကံကောင်းလို့သာ
အသက်ငွေ့ငွေ့လေးရှူပြီး အသက်လုနေရတဲ့
အရေးပေါ်ခန်းထဲကညီမလေးအတွက်ရော
စိတ်ပူလွန်းရပြီး မေမေ့ဘေးထိုင်စောင့်ရင်း
ကောင်းမြတ်စံတစ်ယောက်တည်း ငိုနေမိသည်ယွန်းကိုအရေးပေါ် ဆေးရုံတင်ရတော့
အင်္ကျီမှာစွန်းနေတဲ့ သွေးတွေကိုတောင်
ကောင်းမြတ်စံမသုတ်အား သုတ်ဖို့လဲသတိမရပေကလေးအိမ်ရှေ့ကို အရေးပေါ်ကားလာသွားတာ
သိပေမဲ့ အိမ်မှာကလဲအခြေအနေကမငြိမ်
ကိုကောင်းကိုဖုန်းခေါ်တော့လဲ ခေါ်မရနှင့်
အခန်းထဲနေပြီးသာ ဆောက်တည်ရာမရ
စိတ်ပူနေရပြန်တဲ့ သိမ့်ဘယ်သူဘာဖြစ်တာမှန်း မသိသေးပေမဲ့
ကလေးဘက်မှာလဲ သိမ့်နဲ့ကလေးတို့နဲ့
ပက်သတ်ပြီးသာ တစ်ခုခုဆိုးဆိုးရွားရွား
ဖြစ်သွားတာတော့ အသေအချာပင်
ညကလဲ တော်တော်နက်နေပြီမို့
သိမ့်မှာစိတ်ပူတာကလွဲ ဘာမှလုပ်မရပေမဲ့
တညလုံးတော့ အိပ်မပျော်ခဲ့ပါဘူးမနက်လင်းတော့ လွင်ဟိန်းတို့မိသားစု
ပြန်ဖို့ပြင်နေကြသည့်တိုင် သိမ့်အခန်းထဲက
မထွက်ပဲသာ နေနေမိပြီး ကလေးဆီလဲ
ဖုန်းခေါ်မရ အဆက်အသွယ်လဲမရ"ဒူ........ဒူ......ဒူ......."
စားပွဲပေါ်ကဖုန်း Vibrateမြည်လာလို့
ကြည့်လိုက်တော့ ကိုကောင်းဆီကမို့
သိမ့်အလျင်အမြန်ကောက်ယူလိုက်ပြီး"ဟလို ကိုကောင်း
ယွန်းနေကောင်းရဲ့လားဟင်
ညကဘာဖြစ်ကြလို့လဲ""စိတ်အေးအေးထားပါ သိမ့်
စိတ်အေးအေးထားပြီးဆေးရုံကိုလာခဲ့နော်
ညီမလေးသတိရလာရင် သိမ့်ကိုရှိနေစေချင်လို့
အိမ်ကထွက်ရခက်ရင်လဲ ရောက်အောင်လာခဲ့ပေးပါ""ဘာဖြစ်လို့လဲဟင် ကိုကောင်း
ကလေးဘာဖြစ်တာလဲ ကလေးကဘာလို့
သတိမရသေးတာလဲ""ဒီရောက်မှပြောမယ် သိမ့်
ဆေးရုံကိုပဲ လာခဲ့လိုက်နော်"သိမ့်ထွက်ဖို့ အဆင်ပြေရဲ့လားမသေချာပဲ
ကောင်းမြတ်စံအခုလို ခေါ်လိုက်ရတာက
မတရားမှန်းသိပါတယ် ဒါပေမဲ့
ညီမလေးအတွက် ဒီလောက်တော့
တကိုယ်ကောင်းဆန်ပါရစေ
YOU ARE READING
ကြင်နာသူသာ ကြည်ဖြူမယ်ဆိုရင်
Short Story#Unicode ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စောက်ရမ်းချစ်မိနေတဲ့ ဒီလူကလဲ မ ရက်စက်လေ ပိုချစ်လေဆိုတာ တနေ့တခြားသိလာစေရမယ်🤨 #Zawgyi ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စေ...