[Unicode]
ည ဆယ့်နှစ်နာရီမှာ ရှောင်းကျန့်ဆီကို ရိပေါ်ဆီက ဖုန်းဝင်လာတယ်။
ရှောင်းကျန့်က ပုံမှန်ဆို ည ဆယ့်နှစ်နာရီ၊ တစ်နာရီလောက်အထိ ပုံဆွဲနေတတ်တာမို့ မအိပ်တတ်သေးဘူး။
"ကျန့်ကော..."
ရိပေါ်က 'ကျန့်ကော' ဆိုတာကို အသံရှည်ဆွဲပြီး ခေါ်တယ်။
"အင်း"
လေလှိုင်းကနေ ဖြတ်လာတဲ့ ရိပေါ်ရဲ့ အသက်ရှူသံက ရှောင်းကျန့်ရဲ့ စည်းချက်ကျကျ နှလုံးခုန်သံနဲ့အတူ နားထောင်လို့ကောင်းတယ်။
၁မိနစ်... ၂မိနစ်...။
တစ်ယောက်အသက်ရှူသံ တစ်ယောက်ကြားရတာအပြင် ဖုန်းထဲမှာ ဘာအသံမှ ထွက်မလာဘူး။ တစ်ယောက်အသက်ရှူသံ တစ်ယောက် ငြိမ်ငြိမ်လေး နားထောင်တယ်။ ဒါက ရိပေါ်ရော၊ ရှောင်းကျန့်ရော နှစ်သက်တဲ့ ဖုန်းပြောနည်းပဲ ဖြစ်တယ်။
"ရှောင်းကျန့်..."
၅မိနစ်ကျော်ပြီးတော့ ရိပေါ်ဆီကနေ ပထမဆုံးထွက်လာတဲ့ အသံပါ။
"ဟင်..."
"ကျွန်တော်တို့ ထွက်ပြေးရအောင်။"
ရှောင်းကျန့် ဘာမှပြန်မပြောဘဲ ပြတင်းပေါက်နား ကပ်ကြည့်တယ်။ ထင်တဲ့အတိုင်းပဲ ရိပေါ်က ရှောင်းကျန့်တို့ တိုက်အောက်မှာ ကားကိုမှီပြီး ရှောင်းကျန့်ရှိမယ့်အခန်းနေရာကို လှမ်းငေးနေလေရဲ့။
တအောင့်အကြာမှာတော့ ရိပေါ်ဘေးနားကို ရောက်လာတာဟာ ရှောင်းကျန့်ပဲ ဖြစ်ပါတယ်။
...
.
.
အဝေးပြေးလမ်းမပေါ်မှာ ရိပေါ်တို့ကားလေးက ငြိမ့်ငြိမ့်လေး ဖြတ်ပြေးနေတယ်။ ငြိမ့်ငြိမ့်လေးလို့ပြောရင် လွဲနေမလားပဲ... ဘာလို့ဆို ရိပေါ်က ကားကို ၁နာရီ မိုင်၆၀နှုန်း တင်ထားလို့ပဲ ဖြစ်တယ်။
ရိပေါ်က ဒီလိုအချိန်ဆို အဝေးပြေးလမ်းမမှာ ကားကို အရှိန်တင်ပြီး မောင်းရတာ သဘောကျတယ်။ ဒီလိုမောင်းတိုင်းလည်း ရှောင်းကျန့်က ကားရဲ့ *shotgun seat မှာ အမြဲရှိတယ်။