[Unicode]
သူ့ရင်ခွင်ထဲမှာ မေ့လဲသွားတဲ့ ရှောင်းကျန့်ကို အိပ်ရာပေါ်ရွှေ့ပြီး မကြာခင်မှာ အန်ဒရူးဆီကနေ ဖုန်းလာတယ်။
အန်ဒရူးက သူ ဒီအနီးအနားမှာ ရှိနေတာမို့ မကြာခင် ရောက်လာမယ်ဆိုတဲ့အကြောင်း ပြောပြီး ဖုန်းချသွားတယ်။ အဖြစ်အပျက်တွေက အရမ်းကို မြန်ဆန်နေလို့ ရိပေါ်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။
ဒီနှစ်တွေထဲမှာ ရှောင်းကျန့် ဘာတွေ ဖြစ်ခဲ့လဲ သူမသိဘူး။
လွန်ခဲ့တဲ့ နှစ်နှစ်က သူ့ကို လုပ်ကြံဖို့ ကားပြိုင်ပွဲမှာ သူ့ပြိုင်ကားကို ဘရိတ်ကြိုး ဖြတ်ခဲ့တဲ့ လူက အခု ရှောင်းကျန့်ရဲ့ ပန်းချီကားကို ဖျက်ဆီးတဲ့လူ မဖြစ်စေဖို့ပဲ ဆုတောင်းတယ်။
ရိပေါ်က ရှောင်းကျန့်ကို ဒီအရှုပ်ထုပ်ထဲ ဆွဲထည့်နေမိတာ။
ရှောင်းကျန့်က မီး တည့်တည့်ကိုမှ တိုးတဲ့ ပိုးဖလံပဲလား။ ဒါမှမဟုတ် သူကိုယ်၌ကပဲ မီးဖြစ်နေတာပဲလား။ သေချာတာကတော့ သူက ရှောင်းကျန့်အတွက် အန္တရာယ်ရှိတဲ့ မီး ကိုယ်တိုင်ပဲ ဖြစ်နေလိမ့်မယ်ထင်ရဲ့။
အေးအေးချမ်းချမ်း အိပ်ပျော်နေတဲ့ ရှောင်းကျန့်မျက်နှာလေးက တကယ်ပဲ စိတ်နှလုံးကို အေးချမ်းစေတယ်။
ရှောင်းကျန့်နဖူးပေါ် ဝဲကျနေတဲ့ ဆံစအချို့ကို သပ်တင်ပေးလိုက်တယ်။
နောက်ကျခဲ့တယ်။ ဒါပေမဲ့ ဒီလူကို သူ တကယ်ပဲ ချစ်မြတ်နိုးရပါတယ်။
ရှောင်းကျန့်ကို ရှာမတွေ့ခဲ့ရတဲ့ နှစ်တွေမှာ သူ့ဘဝက ဘယ်လောက်ကို ပရမ်းပတာဖြစ်ခဲ့ရလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးပဲမလား။
ရှောင်းကျန့်က နယူးယော့ခ်ကနေ ထွက်သွားခဲ့တဲ့ နှစ်။
ရှောင်းကျန့်ရဲ့ ဘေဂျင်းက လိပ်စာကို ခက်ခက်ခဲခဲနဲ့ စုံစမ်းပြီးတော့မှ ရှောင်းကျန့်က ဘယ်ကိုမှန်းမသိ ထပ်ထွက်ပြေးသွားတာ။ ရှောင်းကျန့်ကို ရှာရတာက ပင်လယ်ထဲ အပ်ပျောက်ရှာရသလိုပဲ။ စိတ်မလွတ်ရုံတမယ် ဖြတ်သန်းခဲ့တဲ့ ပရမ်းပတာနေ့ရက်တွေများပေါ့။