Find You

5K 733 43
                                    

[Unicode]

အန်ဒရူးရောက်လာမှ အတင်းချော့မော့ပြီး စိတ်ငြိမ်ဆေး ထိုးပေးလိုက်လို့ အိပ်မောကျသွားတဲ့ ရှောင်းကျန့်ကို ကြည့်ပြီးတော့လည်း စိတ်မောရပါတယ်။ အန်ဒရူးရဲ့ ပြောစကားအရဆို ရှောင်းကျန့်က သူ့အဖေနဲ့ အကို ကားအက်စီးဒင့်ကြောင့် ဆုံးပါးသွားကတည်းကနေစပြီး အိပ်မက်ဆိုးတွေမက်၊ အဲ့လိုမက်ပြီးရင် အိပ်မက်ထဲက လူတွေကို မြင်ယောင်နေရတတ်တာလို့လည်း ပြောတယ်။

တနည်းပြောရရင် trauma ပေါ့။ ဘဝမှာ အထပ်ထပ်ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို မသိစိတ်ထဲမှာ ထည့်ထားမိပြီး စိတ်ရဲ့ အားနည်းဆုံးအချိန်ကျမှ ပြန်ခြောက်လှန့်တတ်တာမျိုး။ ပြီးတော့ ရှောင်းကျန့်က ငယ်ငယ်ကတည်းက မိသားစုပြဿနာတွေ ရှိခဲ့ဖူးတော့ အခြေအနေက ပိုဆိုးလာတာ။ ဒါပေမဲ့ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ စိတ်ရောဂါ မဟုတ်လို့လည်း သက်သာရာရပါသေးတယ်။


သူတို့တွေ ဘယ်ကနေ စလွဲခဲ့ကြတာလဲ။

ဘူတာရုံလေးထဲမှာ ရှောင်းကျန့်က သူ့ကို စတွေ့ခဲ့ရာကနေလား။

သူက ရှောင်းကျန့်ကို စကားသွားပြောမိရာကနေလား။

သူ့ဘဝထဲကို ရှောင်းကျန့်ကို ဆွဲသွင်းခဲ့ရာကနေလား။

အရာရာကို မသိချင်ယောင်ဆောင်ပြီး အတ္တကြီးခဲ့ရာကနေပဲလား။

အကုန် သူ့အမှားတွေချည်းပါပဲ။ သူ့ကြောင့်သာ ရှောင်းကျန့်က နာကျင်ခဲ့ရတာ။ သူ့ကြောင့်သာ... သူ့ကြောင့်မို့။


အန်ဒရူးက မီးဖိုခန်းကနေ ဝိုင်ပုလင်းနဲ့ ဝိုင်ခွက် ၂ခွက်ကို ထုတ်လာတယ်။ ရှောင်းကျန့်အိမ်ကို သူ့အိမ်သူ့ယာလို လုပ်နေတဲ့ အန်ဒရူးကို ကြည့်ပြီးတော့ သဝန်တော့တိုသား။

ဒီလိုဆိုတော့လည်း သူနဲ့ ရှောင်းကျန့်က တကယ်ပဲ အတိတ်မှာ ကျန်ခဲ့ပြီပဲလား။

"ကျန့်ကျန့်အိမ်ထဲကို ခိုးဝင်ပြီး ပန်းချီကားကို ဒီလိုဖြစ်အောင် လုပ်သွားတဲ့သူကို ကျွန်တော် သေချာပေါက် ဖော်ထုတ်မှာပါ။"

Chaos with you [Completed]Where stories live. Discover now