Someone that loves you

6K 816 16
                                    

[Unicode]

အမြင့်ကြောက်တဲ့ ရှောင်းကျန့်က Cliff-Jumping မလုပ်နိုင်တာမို့ ဟိုတယ်ရေကူးကန်မှာ ထိုင်စောင့်နေရတယ်။ ကျန့်ကောမရှိရင် ဘယ်မှမသွားဘူးဆိုပြီး အမြဲ ဂျီတိုက်နေကြ ကောင်လေးကို ဘီကီနီဝတ် ကောင်မလေးတစ်ယောက်ရဲ့ လက်ကို တွဲပြီး လမ်းလျှောက်လာတာ မြင်ရတော့လည်း ရင်ထဲ စူးခနဲ အောင့်တက်မိသား။

ရိပေါ်ဆီမှာ ရှောင်းကျန့်မမြင်ဖူးတဲ့ dark side တခြမ်းရှိတယ်။ အဲဒါဟာ ရေချယ်ဖြစ်တယ်။

ရေချယ်က ရိပေါ်ဘဝကို ဘယ်လောက်ထိ စိုးမိုးခဲ့တာ...

ရိပေါ်က ရေချယ့်ကို ဘယ်လောက်ထိ ချစ်ခဲ့တာ...

ရေချယ်က ရိပေါ်ရဲ့ ဘဝတစ်ခြမ်းဖြစ်ခဲ့တာ... အစရှိတဲ့ dark side တစ်ခြမ်း။

တစ်ဖက်လူက ကိုယ်မှမဟုတ်လည်း ဖြစ်နေတဲ့အခါမှာ ကိုယ်က ဘာကိုများ ဆွဲထားနိုင်ရမှာလဲ။


ရှောင်းကျန့်က ရေချယ့်ကို မမုန်းပါဘူး။ ရေချယ့်ကြောင့်နဲ့သာ သူက ရိပေါ်ကို တွေ့ခဲ့ရတာမလား။ ရေချယ်က သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းမှာတော့ ဘယ်လို အခန်းကဏ္ဍကနေ ပါနေသလဲဆိုတာပဲ ရှောင်းကျန့်က မသိချင်တာ။


ရေစိုနေတဲ့ ရိပေါ်ရဲ့ အင်္ကျီမဲ့ ခန္ဓာကိုယ်က Greek God လိုပဲ။ 

ဟာဝိုင်အီရဲ့ သဲကဗ္ဗလာဖြူတစ်လျှောက်မှာ တိမ်တောက်ချိန် ညနေခင်းအလှ။ 

*တစ်မိနစ်ကနေ တစ်မိနစ်... ပြီးတော့ ထပ်တစ်မိနစ်။ 

ရှောင်းကျန့်ရင်တွေဟာ တဆတ်ဆတ် ခုန်နေခဲ့တယ်။


အိပ်မပျော်တဲ့ ညဉ့်နက်တွေမှာ မသိချင်ပါဘူးဆိုတဲ့ အကြောင်းအရာတွေကို ဦးနှောက်က ခေါင်းထဲမယ် စားမြုံ့ပြန်ပေးတတ်တယ်။

လွန်ခဲ့တဲ့ အချိန်တစ်ခုတုန်းက ရေချယ်က ဆူဆိုက်လုပ်ဖို့ ကြံစည်ဖူးတယ်။ ရိပေါ်ကြောင့်မို့သာ မသေတယ်။ ရိပေါ်က အဲ့တုန်းက ရေချယ့်ကြောင့်နဲ့ အရက်စွဲသွားဖူးတယ်။ ရေချယ့်ကိုသာ သူ မကယ်လိုက်နိုင်ရင် ဆိုတဲ့ စိတ်ကြီးက ဖိစီးနေတဲ့ ရိပေါ်ဟာ ပျက်စီးရာလမ်းကြောင်းရောက်သွားဖို့ လက်မတင်လေး။ ရေချယ်က အဲ့လောက်ထိကို ရိပေါ်ဘဝမှာ အရေးပါခဲ့ဖူးတယ်။

Chaos with you [Completed]Where stories live. Discover now