ဆေးရုံဝင်းထဲရှိ အရိပ်ကောင်းသော သစ်ပင်ကြီးတွေရဲ့အောက်... အရောင်အသွေးစုံသော ပန်းခြုံလေးတွေကြားမှာ သစ်သားခုံတန်းလေးတွေရှိသည်။ ညနေ ဂျူတီလဲကြသည့် အချိန်ဖြစ်တာမို့ Chanyeol နဲ့ Baekhyun မှာ ဂျူတီကုတ်၊ ယူနီဖောင်းတွေနဲ့မဟုတ်ပဲ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေနဲ့ ဆေးရုံထဲကထွက်ပြီး ခုံတန်းလေးတွေပေါ် ဘေးချင်းယှဉ်ထိုင်ကြနေသည်။
ညနေခင်းလေပြေ၏ ဆော်သွေးကျီစယ်ခြင်းခံရသော ခဲငွေရောင်နှင့် ပျားရည်ရောင်ဆံသားတို့သည် အတွေးထဲနစ်မျောနေသူနှစ်ဦး၏ နှဖူးပြင်ထက်မှာ ဝေ့ဝဲကျနေခဲ့သလို Baekhyun ၏ မျက်လုံးအကြည့်တွေသည် Chanyeol မျက်နှာအမူအရာတွေကို အသေးစိတ်ကအစ ဖတ်ရှုနေသည့်အတိုင်းပင်။
Chanyeol လက်ထဲက ထမင်းဗူးလေးကို ခုံပေါ်တင်လိုက်တော့ သွယ်ပျောင်းသည့် လက်ကလေးတဖက်က သူ့လက်ခုံပေါ်အုပ်မိုးကာ အားပေးသမှုနဲ့ ဆုပ်ကိုင်လာခဲ့သည်။
" အဆင်ပြေရဲ့လား "
အဖြေစကားမပြန်နိုင်တော့တဲ့အထိ ရင်ဘတ်ကြီးတခုလုံး ပဲ့တင်ထပ်နေသော မေးခွန်းပေါင်းမြောက်များစွာကြောင့် ဆည်းဆာရောင်သမ်းနေသော မိုးကောင်းကင်ကို မျှော်ကြည့်ရင်း သက်ပြင်းကြီးတချက်ချမိသည်။
" ဒီနေ့..သိခဲ့ရတာတွေ...
တကယ် မယုံနိုင်သေးဘူး "Chanyeol ပုခုံးတဖက်ကို ခပ်ဖြည်းဖြည်းမှီလာတဲ့ ခေါင်းကလေးနဲ့ လက်ချောင်းတွေကို ဖွဖွဆုပ်ညှစ်လာတဲ့ နှစ်သိမ့်ပေးမှုလေးတွေကြားမှာ ရင်ထဲကအစိုင်အခဲကြီးကို ဖွင့်ထုတ်လိုက်ချင်စိတ်တွေ တားဆီးမရတော့တာမို့ စိုစွတ်လေးလံလာသည့် မျက်တောင်တွေကို မြန်မြန်ခတ်လိုက်ရသည်။
" မင်း...အဆင်ပြေသွားတဲ့အထိ..
ငါ..ဒီအတိုင်း ရှိနေပေးမယ် "" အပြင်မှာ အေးမှာပေါ့ ကိုကိုရယ်..
အနွေးထည်လည်း မပါပဲနဲ့ "" မလိုပါဘူး အနွေးထည်.."
ဆေးရုံ ဝန်ထမ်းတွေအလုပ်လုပ်ရာနဲ့ အလှမ်းဝေးတဲ့နေရာဖြစ်တဲ့အပြင် နေဝင်ဆည်းဆာရဲ့ အရောင်မှိန်ဖျော့မှုအောက်မှာ ဘယ်သူဘယ်ဝါမှန်း ရိပ်မိဖို့ခက်ခဲလွန်းတာကြောင့်နဲ့တူပါရဲ့။ Chanyeol နဲ့တပူးပူးတတွဲတွဲရှိနေတာကို သူများတွေ့သွားမှာ စိုးလွန်းတဲ့ကိုကိုက အခုတော့ သူ့ပုခုံးပေါ်အလိုက်သင့်မှီတွယ်ထားပြီး လက်ဖျားတွေအချင်းချင်းယှက်သွယ်စေရင်း မျက်လုံးလေးပါအသာမှိတ်ထားလိုက်သေးသည်။
YOU ARE READING
Playing With Fire ♥️ Rated-M (Z+U) [ S 1 ❤️ COMPLETED... S 2 ❤️ ONGOING]
FanfictionDo you know how it's like to play.. Or being played by someone so f**king attractive ? If you have no idea how it feels.. Here's my story about falling into deepest part of his heart by playing a game of lust 🖤 - Dr. By...