Nine ♥️ Uni

6.5K 517 17
                                    

" June လေး...နိုးပြီလား..
ဆေးသောက်ရအောင်နော် "

မျက်လုံးတွေ မပွင့်တပွင့်ဖြစ်နေသည့်ကောင်လေးက Loey ကုတင်ပေါ်မှာ စောင်အဖြူလေးခြုံပြီးလှဲလျောင်းနေသည်။ သူ့ကိုယ်သူ ဘယ်ရောက်နေမှန်းသတိမထားမိပုံနဲ့ အခန်းရဲ့ ဖွဲ့စည်းပုံကို ခပ်ငေးငေးကြည့်နေတဲ့ မျက်ဝန်းလေးတွေက အရောင်မှိန်ဖျော့နေခဲ့သည်။

" ကိုယ်နဲ့လိုက်လာတာ မှတ်မိတယ်မလား။
ဆေးရုံမှာ လာခေါ်တာလေ "

" ဟုတ်... "

ကုတင်ပေါ်မှာ ခပ်ဖြည်းဖြည်းထထိုင်ဖို့လုပ်နေသူရဲ့ လက်တဖက်ကဆေးသွင်းပိုက်ကို ပြုတ်မထွက်အောင်လို့ သတိထားပြီး Loey က ထူမတ်ပေးရသည်။ June လေး ခေါင်းမှာပတ်ထားတဲ့ ပတ်တီးစဖွေးဖွေးဟာ Loey ရင်ဘတ်ထဲက စူးအောင့်နာကျင်မှုတစုံတရာကို အားပေးနေသည့်နှယ်။

" အဖျားတော့မရှိပါဘူး.. သွေးထွက်ထားလို့
ခေါင်းမူးနေတာမျိုးပဲရှိမယ်... "

နှဖူးပေါ်တိုင်းသည့် သာမိုမီတာလေးကို ဆေးသေတ္တာထဲပြန်ထည့်လိုက်သည်။ စားပွဲပေါ်တင်ထားတဲ့ ဆန်ပြုတ်ပန်းကန်ကို တဇွန်းခပ်လို့ လေနဲ့တဟူးဟူးမှုတ်ပေးနေတုန်းမှာ June လေးက အားနာတဲ့မျက်ဝန်းတွေနဲ့တချက်ကြည့်ပြီး မျက်လွှာချလိုက်တာတွေ့ရသည်။ ပွန်းပဲ့ထားတဲ့ လက်ကလေးတွေက နာကျင်နေမယ်မှန်းသိလို့ ကိုယ်တိုင်ခွံ့ကျွေးဖို့လုပ်တဲ့အခါ မျက်နှာလေးတဖက်လှည့်သွားတဲ့ June က ကလေးဆိုးလေးကျနေတာပဲ။

" အစားစားမှ ဆေးသောက်လို့ရမှပေါ့။ တဇွန်းနှစ်ဇွန်းလောက် စားလိုက်နော်။ လိမ်မာတယ် "

ချော့မော့ပြောကာမှ မျက်နှာလေးငိုမဲ့မဲ့ဖြစ်သွားတဲ့ June လေးကြောင့် Loey မှာ ဆန်ပြုတ်ပန်းကန်လေးပြန်ချပြီး ပွန်းပဲ့ရာတချို့နေရာယူနေသည့် လက်ကလေးကို ခပ်ဖွဖွအုပ်ကိုင်မိသည်။ ဆိုးဝါးတဲ့ ကံကြမ္မာရိုက်ချက်ကြောင့် ရုတ်တရက်ကြီး ထိခိုက်ခံစားရတိုင်းမှာ သူ အလိုအပ်ဆုံးက အားပေးနှစ်သိမ့်ပေးနိုင်မယ့် တစုံတယောက်ပဲ မဟုတ်ပါလား။

" အခုလို ဒုက္ခပေးရတာ...
တကယ်...တောင်းပန်ပါတယ် "

" တောင်းပန်စရာမလိုပါဘူး။ June လေး နေပြန်ကောင်းလာဖို့ပဲ ကြိုးစားပေးရင် ရပါပြီ။ "

Playing With Fire ♥️ Rated-M  (Z+U) [ S 1 ❤️ COMPLETED... S 2 ❤️ ONGOING]Where stories live. Discover now