Three ♥️ Zgi

7.4K 613 277
                                    

" ကဲ...ဒီနေ့ ကျနော်တို့အားလုံး Dr.Byun Baekhyun ရဲ့အောင်မြင်မှုအတွက် ဂုဏ်ပြုပေးကြရအောင် "

ဆေးရုံအုပ်ကြီး၏ စကားအဆုံးမှာBaekhyun နဲ့တဝိုင်းတည်း ထိုင်နေသောဆရာဝန်ကြီးများ၏ အရက်ခွက်များ အပေါ်မြှောက်တက်လာသည်။ ကျေနပ်အားရသော အပြုံးတစဖြင့် ခွက်ကိုပင့်မြှောက်ထားရင်းက လက်ပတ်နာရီကို Baekhyun ခိုးကြည့်လိုက်သည်။

Chanyeol နဲ့ ခုနှစ်နာရီတွေ့ဖို့ချိန်းထားပြီးမှ ကိုးနာရီကျော်တဲ့အထိ သူအိမ်ပြန်မရောက်သေးပါ။ * မဖြစ်မနေသွားရမယ့် ဂုဏ်ပြုစားပွဲမို့ ညဥ့်နက်မယ်...မစောင့်ပါနဲ့* လို့ msg ပို့ပြီး ပြောထားပေမယ့် Chanyeol ဖက်က * ဟုတ်ကဲ့ * တလုံးတည်းသာ စာပြန်ပို့သည်။

နေ့ခင်းတုန်းက သူ့ရုံးခန်းထဲမှာ ဘေဘီ ဒယ်ဒီတွေဖြစ်ပြီး ညစ်တီးညစ်ပတ်အမှုတွေပြုထားတာပဲဆိုတဲ့အသိကြောင့် ဂျူတီပြီးချိန်ရောက်တဲ့အထိ Chanyeol နဲ့ သူမျက်နှာချင်းမဆိုင်ရဲ။ ညနေပိုင်း အတူတူ Round လှည့်တာတောင်မှ Junmyeon ဆိုတဲ့ဆေးကျောင်းသားလေးကို အလယ်မှာထားပြီး သူနဲ့ပဲစကားပြောသည်။

လူနာအကြောင်း တခုခုမေးစရာရှိရင်တောင်
* Jun Myeon ရေ...သူနာပြု Park ကို မေးကြည့်ပေး...* ဆိုပြီး တဆင့်ခံမေးသည်။

လူနာအတွက် ဆေးအသစ် ထပ်ထည့်စရာရှိရင် * Junmyeon ရေ...သူနာပြု Park ကို အဲ့ဒီ့ဆေးထည့်ခိုင်းလိုက်..* ဆိုပြီး တဆင့်ခံ လုပ်ခိုင်းသည်။ သနားစရာဆေးကျောင်းသားလေးကတော့ မေးရှာပါတယ်...သူနာပြု Park နဲ့ တခုခု ပြဿနာတက်ထားတာလားတဲ့။ ပြဿနာတက်ရင်တောင် ဆူပူအော်ဟစ်ပြီး ပြန်အဆင်ပြေသွားနိုင်သေးတယ်...အခုဟာ ဘာတွေဖြစ်လိုဖြစ်ကုန်မှန်းကို မသိတာ။ သေချာပြန်စဉ်းစားလေ ရူးချင်လေပဲ။

ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ နှာပူးထဂိမ်းကြီးကြောင့် ကိုယ်နဲ့သိပ်တောင်စကားမပြောဖူးတဲ့သူရဲ့ အဖက်ခံ...အကိုင်ခံ...အနမ်းခံ...အိပ်ရာပေါ်ရောက်ရတဲ့အပြင် ဟို HD ထဲကလို သူ့ကို Daddy လို့ပါ ခေါ်လိုက်သေးတယ်။ အဲ့တာတောင် နှာခေါင်းမီးမငြိမ်းသေးတဲ့အချိန်မှာ ညကျရင် အိမ်ကိုလာခဲ့ပါလားဆိုပြီး ဖိတ်ခေါ်လိုက်သေးတယ်လေ။

Playing With Fire ♥️ Rated-M  (Z+U) [ S 1 ❤️ COMPLETED... S 2 ❤️ ONGOING]Donde viven las historias. Descúbrelo ahora