Eleven ♥️ Z+U

7.9K 747 189
                                    

မနေ့က ညနက်တဲ့ အထိ Battleground ဆော့ထားတာကြောင့် မနက် ၁၁ နာရီထိုးခါနီးမှ ဘတ်ဂျွန်းနိုးလာသည်။ ပျင်းရိပျင်းတွဲခြေလှမ်းများဖြင့် အိပ်ရာထလာပြီးသွားတိုက်မျက်နှာသစ်ဖို့ ရေချိုးခန်းထဲဝင်တဲ့အခါမှ ဒီနေရာသည် သူ့အိမ်သူ့ယာမဟုတ်မှန်း သတိမူမိတော့သည်။

ဒီအိမ်ရောက်တာ ငါးရက်လောက်ရှိနေပြီဆိုပေမယ့် ပတ်ဝန်းကျင်တခုလုံးကို ဘတ်ဂျွန်း သိပ်ပြီးအသားမကျသေး။ အရင်တိုက်ခန်းငယ်လေးနဲ့မတူပဲ တန်ဖိုးကြီး မွေ့ယာ၊ နုညက်အိစက်နေတဲ့ ကော်ဇောကြီးနဲ့ အဆင့်အတန်းမြင့် ကျွန်းဗီရိုတွေ၊ စားပွဲကုလားထိုင်တွေ နေရာယူပြီးသား ဒီအခန်းကျယ်ကြီးဟာ Byun အိမ်တော်က မိဘတွေအခန်းထက်တောင်ကျယ်ဦးမယ်လို့ ဘတ်ဂျွန်း တွေးမိတယ်။

ရုပ်ရှင်ဒွမ်မာတွေထဲကလိုမျိုး နေ့ချင်းညချင်းဘဝပြောင်းလာတယ်ပဲပြောရမလား... ရိုက်သတ်ပစ်ချင်စရာကောင်းတဲ့ နှာပူးဂိမ်းတခုအကြောင်းပြုပြီး ကံကောင်းခြင်းတွေဝင်ရောက်လာသလားဆိုတာကို မဝေခွဲတတ်တာကြောင့် ဒီအိမ်ကြီးမှာနေဖြစ်သွားတဲ့ ကိုယ်ဆုံးဖြတ်ချက်ကိုလည်း မှန်နေလားမှားနေလား မခန့်မှန်းတတ်တော့ပါဘူးလေ။

အိမ်နေရင်း တီရှပ်လေးတထည်ကောက်စွပ်ဖို့ကြံတော့ အဝတ်အစားအသစ်တွေအပြည့်နဲ့ ဗီရိုကြီးက ဘတ်ဂျွန်း ကို ခန့်ခန့်ညားညားကြီး ကြိုဆိုနေတယ်။ အိမ်ကပါလာတဲ့ အင်္ကျီအဟောင်းလေးတွေကို မဝတ်စေချင်လို့ အိတ်ထဲထည့်ပြီးတနေရာမှာဖွက်ထားတာသိပေမယ့် ရှာမတွေ့တာကြောင့်အင်္ကျီအသစ်ထဲက ဆွယ်တာဖြူဖြူလေးတထည်နဲ့ အသားရောင် ဘောင်းဘီတိုလေးဝတ်လိုက်တယ်။ ခဲငွေရောင် ဆံပင်ကို ဘီးနဲ့သေချာဖြီးပြီး အလယ်ခွဲကာ ဖောင်းဖောင်းအိအိလေးဖြစ်အောင်လုပ်ထားလိုက်တယ်။

လူကြီးရှေ့မရောက်ခင် ကျူတိုရီယယ်လို့ သဘောထားရင်း မှန်ထဲမှာ အတောက်ပဆုံးလေးဖြစ်အောင်ပြုံးပြီးမှ ရှက်လွန်းလို့မျက်နှာကြီးလက်နဲ့အုပ်ပြီးအိပ်ရာပေါ်ခုန်တက်မိတယ်။ အရင်က မျက်လုံးလိုင်နာဆွဲတာမျိုး၊ ဆံပင်ကေရွှိုင်းတာမျိုးလုပ်မှ မှန်ကြည့်တတ်တဲ့ ငဗြောင်လေးဟာ အခုဆိုရင်တော့ သူ့ကို သူ့လူကြီးအချစ်မပိုပိုအောင် ပြုံးလိုက်မဲ့လိုက် လှတပတလေး စိတ်ဆိုးတဲ့ပုံလုပ်ပြလိုက်နဲ့ မှန်ရှေ့မှာ တယောက်တည်း အရှက်မရှိစွာနဲ့အိုက်တင်တွေဘာတွေတောင် ထုတ်တတ်နေပြီမို့လား။

Playing With Fire ♥️ Rated-M  (Z+U) [ S 1 ❤️ COMPLETED... S 2 ❤️ ONGOING]Where stories live. Discover now