ချန်းယောလ်တယောက် ဒီရက်ပိုင်းမှာ ဂျူတီသိပ်မရှိတာမို့ အဆောင်ခန်းထဲသာအောင်းနေမိသည်။ အခန်းချင်းကပ်နေတဲ့ ဘယ်သူနဲ့မှစကားမပြောသလို ဘာမှလုပ်ချင်ကိုင်ချင်စိတ်လည်းမရှိ။ အပြင်ကတခုခုမှာပြီး စားသောက်၊ အခန်း သန့်ရှင်းရေးလုပ်ပြီးတာနဲ့ အားနေရင် သီချင်းနားထောင်ရင်း အိပ်ပျော်သွားချင်တာတခုပဲသူ သိသည်။
အိပ်ပျော်သွားရင် သူတွေးနေကျ တောင်စဉ်ရေမရအတွေးတွေရပ်တန့်သွားမယ်.. ပိုပြီးနေလို့ကောင်းမယ်လို့ ထင်ခဲ့ပေမယ့် အိပ်ရာကနိုးတိုင်းမှာ ငူငူငိုင်ငိုင်ကြီးဖြစ်ကာ ခေါင်းတွေလည်းကိုက်သည်။ ကိုကိုက တနေ့ကိုအကြိမ်ပေါင်းများစွာဖုန်းဆက်ပြီး message တွေမပြတ်ပို့ရင်း အားပေးနှစ်သိမ့်တာတောင်မှ သူ့စိတ်ထဲကအစိုင်အခဲကြီး မကွယ်ပျောက်နိုင်သေးပါ။
ချန်းဟို Hyung အယောင်ဆောင်ပြီး အမေဖြစ်သူကို ညစောင့်သွားပေးတဲ့နေ့က သူ မထင်ထားခဲ့သော အမှန်တရားတခုကို လက်ခံလိုက်ရသည်။
အယောင်ဆောင်လာမှန်းသိသွားတဲ့ သူက ချန်းယောလ်တို့ကို * ပြန်ကြတော့ * လို့ အသံပြတ်နဲ့ပြောပြီး နှင်ထုတ်သည်။ ကိုကိုက ချန်းယောလ်ရှေ့မှာ မားမားမတ်မတ်ရပ်ပြီး * ဘာကြောင့်များ ကိုယ့်သားအရင်းကို အသိအမှတ်မပြုနိုင်ရတာလဲ.. ဘာအတွက်ကြောင့် အပြစ်မရှိတဲ့လူအပေါ်မှာ ခါးခါးသီးသီးတွေဖြစ်နေရတာလဲ * ဆိုတဲ့မေးခွန်းကို ချန်းယောလ်ကိုယ်စား သတ္တိရှိရှိနဲ့မေးပစ်ခဲ့သည်။
* သူက ငါ့သားမဟုတ်ဘူး Dr.Byun..
သူတို့ နှစ်ယောက်စလုံးပဲ *ဒီစကားကို ပြန်ကြားယောင်လိုက်တိုင်းမှာ ချန်းယောလ် ရင်ဘတ်တွေအောင့်တက်ပြီး အသက်ရှူကြပ်လာသည်။ သူတို့ကို ပြန်ထိုင်ခိုင်းပြီး ဖုံးကွယ်ထားတဲ့ အတိတ်တွေအကြောင်း ပြန်ပြောလာတဲ့ အမျိုးသမီးကြီးကို ချန်းယောလ်အနေနဲ့ Omma လို့တောင် မသုံးနှုန်းသင့်တော့တာ သေချာနေခဲ့ပြီ။
မိသားစုကိစ္စတွေဖြစ်နေတာကြောင့် Mrs.Park က ကိုကို့ကို မပြောပြချင်တဲ့ပုံနဲ့ အင်တင်တင်လုပ်ကာ ချန်းယောလ်တယောက်ထဲ အခန်းထဲကျန်နေဖို့ပြောသေးသည်။ ကိုကို့ လက်ကို ချန်းယောလ်ဆုပ်ကိုင်လိုက်ပြီး ဘယ်မှသွားစရာမလိုတဲ့အကြောင်း.. ဘဝရဲ့လျှို့ဝှက်ချက်တွေအားလုံး ကိုကိုနဲ့အတူတူဝေမျှတော့မှာမို့ နှစ်ယောက်စလုံးနားထောင်ခွင့်ရှိတယ်ဆိုတာတွေ ကို Mrs.Park သိအောင် ခိုင်ခိုင်မာမာပြောခဲ့သည်။ ဒီအခြေအနေကိုမြင်ရတဲ့အခါ ကိုကိုနဲ့ ချန်းဟို Hyung ကို အတင်းသဘောတူနေတဲ့ Mrs.Park ထံက အံ့အားသင့်တဲ့အကြည့်တွေကို လက်ခံရရှိသည်။
YOU ARE READING
Playing With Fire ♥️ Rated-M (Z+U) [ S 1 ❤️ COMPLETED... S 2 ❤️ ONGOING]
FanfictionDo you know how it's like to play.. Or being played by someone so f**king attractive ? If you have no idea how it feels.. Here's my story about falling into deepest part of his heart by playing a game of lust 🖤 - Dr. By...