Ten ♥️ Uni

11.4K 587 99
                                    

" Hmm... "

အကျင့်ပါနေကျမျက်လုံးတွေက ဂျူတီနားရက်ဆိုတာကို အလိုက်ကန်းဆိုးမသိပဲ မနက်စောစောစီးစီး အော်တိုပွင့်လာခဲ့သည်။ ကုတင်ပေါ်မှာ စောင်နဲ့လုံးထွေးပြီး မှောက်ခုံကြီးအိပ်နေသူ Baekhyun ရဲ့ အိပ်ချင်မူးတူးမျက်လုံးတွေဟာ ရှေ့တည့်တည့်မှာမြင်ရတဲ့ အထူးအဆန်းမြင်ကွင်းကြီးကြောင့် ဒယ်အိုးစလောင်းဖုံးလောက် ပြူးကျယ်ရတော့သည်။

" Hanaa...
Duu...
Sang...ဟာ့ ~~
Taseok.....
Yeosoek.. "

ခု...မြင်နေရတာက ဘာလား..??

အိပ်ခန်းနဲ့ ဆက်ထားတဲ့ ဝရန်တာက တန်းအမြင့်တခုကို ခိုပြီး အပေါ်တက်အောက်ဆင်းနဲ့ဆိုတော့ ...ဘားတန်း ခိုနေတာများလား။ Baekhyun တသက်နဲ့တကိုယ် မြင်သာမြင်ဖူးတာ....သိပ်ပြီး မလုပ်ဖူးတာမို့ နံမည်တောင်တပ်မပေးတတ်ဘူးရယ်။

အားကစားဘောင်းဘီအမဲနဲ့ ဘားခိုနေသူ Park မျိုးရိုးကြီး၏ ဗလာကျင်းနေသော ရင်အုပ်ကျယ်ကျယ် ကို မနက်ခင်းနေရောင်ခြည်နဲ့ အလှစိုက်ပန်းပင်လေးတွေကြားထဲမှာ မြင်နေတာလောက် နှာခေါင်းသွေးတတောက်တောက်ကျစရာ မရှိဘူးနဲ့တူပါရဲ့။ .

လှုပ်ရှားမှုတိုင်းမှာ အမြောင်းလိုက်ထနေတဲ့ လက်မောင်းကြွက်သားတွေက ကျုံ့လိုက်ဆန်လိုက်နဲ့ အလုပ်များနေတဲ့အချိန်... ရင်ဘတ်နဲ့ ဗိုက်ပေါ်မှာ အစီအရီနေရာယူထားတဲ့ အသားစိုင်တချို့ရဲ့ကျစ်လစ်တောင့်တင်းမှုပါထည့်ပေါင်းလိုက်တော့ မျက်တောင်လေးတွေ မခတ်နိုင်တဲ့အထိ အငမ်းလွန်နေမိသည်။

နံပါတ်စဉ်ရေတွက်ရင်း လေ့ကျင့်နေသူရဲ့ ချွေးစို့နေတဲ့ မျက်နှာက လန်းဆန်းတက်ကြွနေပြီး ကြည့်ကောင်းလွန်းတာမို့ အိပ်ရာပေါ်မှာပဲ စောင်ကလေးကိုက်ပြီး တံတွေးတွေ ဂလု ဂလုနဲ့ မြိုချနေရတဲ့ ဘဝ။

ဘားတန်းခိုထားရာက ခြေထောက်တဖက်စီကိုကွေးပြီး တန်းအပေါ်ရောက်အောင်တဖက်ပြီးတဖက်တင်သည်။ ခြေထောက်ကို တန်းနဲ့ချိတ်ပြီးတဲ့အခါ ခိုထားတဲ့ လက်ကိုလွှတ်ချလိုက်ပြန်တော့ ရုတ်တရက်ကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသူကြောင့် သူ့ခေါင်းနဲ့ ဝရန်တာလက်ရန်းကြီး မိတ်ဆက်သွားမှာစိုးပြီး Baekhyun မှာ အလန့်ထညက်တွေ ထ ဖြစ်ရတော့သည်။

Playing With Fire ♥️ Rated-M  (Z+U) [ S 1 ❤️ COMPLETED... S 2 ❤️ ONGOING]Where stories live. Discover now