X-Mode On 🔞
Major Smut Alert 🚨
.
.
.
.
.
" ညနေက Loey နဲ့ video call ခေါ်တယ်မလား။ နောက်ပြီးရေသွားချိုးတာ... ပြန်လာတော့ ဖုန်းက လုံးဝပိတ်နေတယ်..ဖွင့်မရတော့ဘူး "Minimart နဲ့ ခပ်လှမ်းလှမ်းနေရာက ဟန်မြစ်ဘေးမှာ အုပ်ဆိုင်းဆိုင်း သစ်ပင်ကြီးတခုရှိသည်။ ထိုသစ်ပင်အောက်မှာ ကားရပ်ပြီး ခုံကိုနောက်လှန်ချကာ သက်တောင့်သက်သာနေရင်းနဲ့ ဘတ်ဂျွန်းရှင်းပြတာတွေ Loey နားထောင်နေလိုက်သည်။
ပိုက်အဖြူလေးတပ်ထားတဲ့ နွားနို့ဗူးကို ဘတ်ဂျွန်းကိုင်ထားပြီး Loey ကို နည်းနည်းစီတိုက်သည်။ ဆေးသောက်ပြီးတဲ့အချိန်မှာ ဗိုက်အောင့်တာ သက်သာရဲ့လား လို့မကြာခနမေးပြီး စိုးရိမ်မကင်းဖြစ်နေတဲ့မျက်ဝန်းလေးတွေက ငိုချင်သလိုမျိုး အရည်တလက်လက်ဖြစ်နေတာမို့ အောင့်တာနည်းနည်းကျန်သေးပေမယ့် သက်သာပြီဖြစ်ကြောင်း တဖွဖွပြောရသည်။
ဂျွန်းလေးကို တနေရာရာမှာပြန်ရှာတွေ့လိုက်မယ်ဆိုရင် ဘာလို့များထွက်သွားရတာလဲ .. ကိုယ့်ကိုဘာလို့မယုံတာလဲ.. ကိုယ် ဘာအမှားလုပ်ခဲ့လို့လဲ စသည်ဖြင့် အော်ဟစ်ပေါက်ကွဲလိုက်မယ်လို့ တွေးဆထားပေမယ့် တကယ်တမ်း ပြန်တွေ့လိုက်ရချိန်မှာ မျက်ရည်လည်ရတဲ့အထိ စိတ်အေးဝမ်းသာရမှုကြောင့် မြတ်နိုးရတဲ့ မျက်နှာဖူးဖူးလေးကို တစိမ့်စိမ့်ငေးကြည့်နေရင်း ဘာစကားမှမဆိုနိုင်သေးပဲ သူပြောတာတွေသာ နားစိုက်ထောင်နေလိုက်သည်။
" ဖုန်းက ဖွင့်မရလို့ပြင်မယ်ဆိုပြီး တိုက်အောက်ဆင်းလာတာ။ ဖုန်းဆိုင်မှာ ခနထားခဲ့ရမယ်ဆိုလို့ ထားခဲ့တယ်။ နောက်ပြီးတော့ ဖုန်းမရှိလို့ ပျင်းတာနဲ့ ဂိမ်းဆိုင် သွားထိုင်တယ်။ ခနပဲဆော့မယ်စဉ်းစားလိုက်ပေမယ့်...အဲ့မှာ...နဲနဲ...ကြာသွားတာ...ဖြစ်မယ်.. "
သူ့အစ်ကို ဘတ်ဟျွန်းပြောခဲ့တာတွေ ပြန်သတိရပြီး Loey ပြုံးမိသည်။ ဒီကလေးဟာ အလုပ်နေရာနဲ့ အိမ်မဟုတ်ရင်တခြား နေရာ ၂ခုမှာပဲ ရှိနေနိုင်တဲ့ဆိုတဲ့စကားလေ..မုန့်ဆိုင်နဲ့ဂိမ်းဆိုင် တခုခုမှာရှိမယ်လို့ ပြောခဲ့တယ်မို့လား။
အခုလည်း ဂိမ်း တဝကြီးဆော့ပြီးတော့မှ ဗိုက်ဆာလို့ မုန့်ထွက်စားတယ်တဲ့။ Minimart မှာ ခေါက်ဆွဲပြုတ်စားနေရင်း ချက်ချင်းကြီး လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ်ပြီး မိုးတွေသည်းသည်းမည်းမည်းရွာချနေလို့ အိမ်မပြန်ရဲပဲ ချောင်အကွယ်လေးတခုမှာ ခိုနေခဲ့တာတဲ့။ Loey ဖုန်းနံပါတ်ကလည်း ဖုန်းပြင်ဆိုင်မှာထားခဲ့တဲ့ ဖုန်းရဲ့contact ထဲမှာမို့ သူအလွတ်မရတဲ့အခါ မိုးမြန်မြန်တိတ်ပါစေဆိုတာပဲဆုတောင်းရင်း တယောက်ထဲကြောက်လန့်တုန်လှုပ်နေခဲ့မယ်ထင်ပါရဲ့။
YOU ARE READING
Playing With Fire ♥️ Rated-M (Z+U) [ S 1 ❤️ COMPLETED... S 2 ❤️ ONGOING]
FanfictionDo you know how it's like to play.. Or being played by someone so f**king attractive ? If you have no idea how it feels.. Here's my story about falling into deepest part of his heart by playing a game of lust 🖤 - Dr. By...