Chapter 24 (conflict)

2K 94 6
                                    

Each chapter is written in both Zawgyi and Unicode.

[Unicode]
မနေ့ညကတစ်ညလုံးအိပ်လို့မရဘူး
ဘယ်လိုပဲ ကြိုးစားပြီး အိပ်ပျော်အောင်အိပ်ပါစေ
အိပ်မပျော်ဘူး.

S :"ဘာလို့မျက်လုံးတွေကဖောင်းမို့နေတာလဲ"

အိပ်မရလို့ မျက်တွင်းတွေပါကျနေတာမို့
Sarawatကပါ ရေချိုးခန်းထဲကထွက်လာလာချင်း
အံ့သြတကြီးနဲ့မေးရတဲ့အထိပါပဲ..

အိပ်ရာပေါ်မှာထိုင် ရှက်ရှက်နဲ့ခေါင်းတွေ
ကုပ်နေရုံကလွဲလို့ ဘာမှလည်းပြန်မပြောနိုင်ဘူး..

T :"ဒီတိုင်း ညက အိပ်မပျော်လို့"

S :"အဲ့ဒါ မကောင်းဘူးနော်"
ပြောရင်းဆိုရင်းပဲ
သူက ကျွန်တော့်နားကပ်လာရင်း နဖူးပေါ်လက်တင်ပြီး
ကိုယ်ပူချိန်စမ်းလိုက်တယ်..

T :".............."

S :"အဖျားတော့မရှိပါဘူး"

T : "မ​နေ့က ကော်ဖီသောက်တာ အရမ်းများသွားလို့
အိပ်မပျော်တာနေမှာပါ"

S :"ကျောင်းသွားနိုင်ရဲ့လား"

T : "အင်း ရတယ်"
ကျွန်တော်လည်း ချက်ချင်းပဲ အိပ်ရာကထ
ဗီဒိုမှာချိတ်ထားတဲ့သဘက်ကိုဆွဲယူပြီး
ရေချိုးခန်းထဲပဲအမြန်ဝင်လာလိုက်တယ်။

တကယ်တော့ ကျွန်တော် လမ်းလျှောက်တာနဲ့ကို
လဲကျချင်နေပြီ..မနေ့ညကိုအိပ်မပျော်လို့ ဒီလိုဖြစ်တာပဲလား တခြားဘာကြောင့်ရယ်လဲတော့ကျွန်တော်လည်း
မသိပါဘူး...နည်းနည်းလေးလှုပ်တာနဲ့ လှိုင်းမူးသလို
ခံစားနေရတော့တာ ပိုပိုပြီးလည်းဆိုးလာတယ်..
~~~~~~~~~

S : " Tine!!ပေါင်မုန့်စားမှာလား အပြင်မှာ
သွားစားမှာလား"

T : "သဘောပဲ"

S : "အဲ့ဒ့ါဆိုအပြင်မှာပဲစားကြမယ်"

T : "အင်း"

တကယ်တော့အခုလောလောတယ် ကျွန်တော်ဘာမှ
စားချင်စိတ်မရှိဘူး..ဒါမဲ့အမြဲတမ်း မနက်စာတူတူ
စားနေကြဆိုတော့ ငြင်းလို့လည်းမရဘူး..
ဒီလိုနဲ့ပဲ ရေမိုးချိုး အဝတ်အစားလဲ
ကျောပိုးအိတ်ပြင်ပြီး Sarawatနဲ့အတူတူ
မနက်စာစားဖို့ပဲ ထွက်လာလိုက်တယ်။

2gether(Retelling) *Myanmar Translation*Where stories live. Discover now