Chapter-18 (Milk Kiss🍼)

5.2K 139 7
                                    

Each part is written in both Zawgyi and Unicode!

[Unicode]

Ohm,Peukနဲ့ Fongတို့က တစ်နာရီလောက်
ထိုင်ပြီးတော့ကို တခြားသူငယ်ချင်းတွေကို
လိုက်စနေတာ..အဲ့လိုစရတာကိုလည်း
သူတို့မှာအရမ်းတွေပျော်ပြီးစိတ်လှုပ်ရှားနေကြတာလေ။အဲ့ဒါကြောင့် ကျွန်တော်နဲ့Sarawat
ချစ်သူတွေဖြစ်နေတာကိုသာသိသွားပြီဆိုရင်တော့
သူတို့စနေတာနဲ့ပဲ ကျွန်တော့်ဘဝကြီး
စိတ်မချမ်းမြေ့စရာဖြစ်သွားတော့မယ်။
နေ့လည်ခင်းကျတော့ ကျွန်တော်က Sarawatကို
ကူညီဖို့ Rehearsal clubကိုသွားရသေးတယ်။

ဟော..အခုလည်းရယ်နေကြပြန်ပြီ
သူတို့ခေါင်းထဲဘာတွေတွေးလဲ ကျွန်တော်ဖြင့်စဥ်းစား
လို့တောင်မရဘူး..ပိုဆိုးတာကတော့ သူတို့က
Sarawatရဲ့ squad (white gang)နဲ့ပါသွားပြီး
အဖွဲ့ကျနေတာပဲ 😑 သူတို့က ၂ဖွဲ့ပေါင်းပြီး
ကျွန်တော်နဲ့ Watကို ထိုးနှက်နေကြတာလေ..
ဒီလူတွေပဲသိတာ တော်သေးတယ်ပြောရမှာပေါ့
Sarawatရဲ့မိန်းမများGroupထဲက
တစ်ယောက်ယောက်သာသိသွားရင်တော့
ကျွန်တော် မြစ်ထဲခုန်ချ ပြီး
ကိုယ့်ဘာသာပဲ သတ်သေရတော့မယ်..

ကျွန်တော်နဲ့Sarawatကအစတုန်းက
တိတ်တိတ်လေးပဲတွဲမယ်..ဒီrelationshipကို
Privateအနေနဲ့ထားမယ်လို့သဘောတူထားကြတာ
အခုတော့ ဒီ၃ယောက်ကနေ နောက်ထပ်..
အင်း..ထားပါတော့.. ဒါက ချစ်ရေးချစ်ရာ
ကိစ္စတွေမှာဖြစ်လေ့ဖြစ်ထရှိတာပါပဲ။
သူငယ်ချင်းတွေက အပြင်လူတွေလိုမဟုတ်ဘူးလေ..
သူတို့အရမ်းစနေလည်း လွှတ်ထားလိုက်ရုံပဲ
စရတာမောသွားရင် သူတို့ဘာသာ ပါးစပ်ပိတ်
သွားလိမ့်မယ်။

T :"အခုTraining clubကိုသွားမှာလား?

စကားပြောရတာကတစ်မျိုးဖြစ်နေတော့
ကျွန်တော့်စိတ်ခံစားချက်တွေကပါလိုက်ပြောင်း
နေသလိုပဲ။

S :ခွင့်ပြုချက်ရရင်တော့
clubhouseကိုသုံးလို့ရတယ်လေ။

T : မင်းသူငယ်ချင်းတွေ ရော

S :ရောက်လာကြလိမ့်မယ် သူတို့နဲ့
ချိန်းထားတဲ့အချိန်ကိုကနောက်ကျနေတာ။

ဒီလိုနဲ့ ကျွန်တော်တို့ အောက်မှာစောင့်နေတဲ့အချိန်
ကျွန်တော်က သူ့ဂစ်တာကိုယူတီးကြည့်နေပေမယ့်
သူကတော့ လက်ထဲမှာ သူ့နို့ဗူး ကတ်လိုက်ကြီးကိုင်ပြီး
ထိုင်စောင့်နေတာ.

2gether(Retelling) *Myanmar Translation*Onde histórias criam vida. Descubra agora