Each chapter is written in both Zawgyi and Unicode.
[Unicode]
*These are all Sarawat's point of view*
ကျွန်တော်တကယ်ကိုဘာပြောရမှန်းမသိဘူး.
သူပြောတဲ့စကားတွေကိုကြားပြီး
လုံးဝကိုပါးစပ်အဟောင်းသားဖြစ်သွားခဲ့တာ..
ကျွန်တော်ဘာပြန်ပြောသင့်လဲ
သူ့ကိုကြည့်ရတာ ရုပ်လေးကသနားစရာလေးနဲ့
အရမ်းလည်းချစ်ဖို့ကောင်းတာပဲ။
သူ့လက်နဲ့မျက်ရည်တွေကို သုတ်ပစ်ပြီး
တစ်ခွန်းပြီးတစ်ခွန်းကိုပြောနေတော့တာ
တကယ်ကိုသနားဖို့ကောင်းလိုက်တာ..
ဘာတွေကများ သူ့ကို အဲ့လောက်ထိ
အတွေးများစေတာလဲ???ဒီအနှောင့်အယှက်ကောင်ပိစိလေးကတော့ကွာ!!!
(seems like Sarawat is အသည်းယား to his babe buffalo😆❤️)
မနေ့တုန်းက သူကျွန်တော့်အချစ်ဦးအကြောင်း
မေးတယ်ဆိုပေမယ့် မသေမချာနဲ့စကားတွေရောချပြီးမေးတာကိုး။ အဲ့တော့ကျွန်တော်က သူစကားမရှိစကားရှာ လျှောက်ပြောနေတာပဲဆိုပြီး ဒီလောက်ထိ အတွေးတွေများနေလိမ့်မယ်လို့မှမထင်ပဲ။သူ့ကို
ဖက်ပြီး ငိုနေတာကို နှစ်သိမ့်ပေးဖို့ကြိုးစားတာတောင်
ဒီကောင်ဆိုးလေးက တွန်းဖယ်ပစ်တယ်။
ကျွန်တော်ဆက်ပြီး သည်းမခံနိုင်တော့ဘူး
ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပြီး နေမကောင်းတာကို
သက်သာအောင်လုပ်ပေးမှဖြစ်တော့မှာပဲ။S : "အဲ့ဒါဆို နားထောင်ဖို့ အသင့်ဖြစ်ပြီလား?"
အသံမာမာနဲ့တစ်လုံးချင်းပြောပြီးအနောက်ဘက်ကို
လှည့်ကြည့်နေလိုက်တယ်။နို့မို့ဆို
ကျွန်တော့်ကိုငေးနေတဲ့
သူ့မျက်ဝန်းတွေကိုမရှောင်ရှားနိုင်ပဲ
ရင်တွေတုန်နေမှာစိုးလို့..သူ့ကိုကြည့်ရတာကြောက်နေသလိုပဲ။
သူတစ်ယောက်တည်း ခံစားပြီးနာကျင်နေခဲ့ရတာကို
သိပေမယ့် နည်းနည်းလေးထပ်စချင်သေးတယ်T : "ငါ.. အင်း..မင်းငါ့ကို တကယ်ကြီးနှုတ်ဆက်တော့မှာလား?တစ်ယောက်တည်းထားခဲ့မှာလား..
အခန်းကိုဘယ်လိုလုပ်မှာလဲ?ငါအခန်းပြောင်းရမှာလား
ဒါမှမဟုတ် မင်းပြောင်းမှာလား.. အခန်းထဲက
ဗီဒိုကြီးက အကြီးကြီးပဲ။ မင်းမရှိတော့ရင် နေရာတွေ
အရမ်းလစ်လပ်နေတော့မှာ...ခုတင်ကလည်း
အကြီးကြီးပဲလေ။မင်းတကယ်ငါနဲ့လမ်းခွဲတော့မှာလား?"
YOU ARE READING
2gether(Retelling) *Myanmar Translation*
RomanceThis is not the full novel and just a story retelling! Seems like spoilers..haha xD Enjoy ~~💙