Chapter 24 (conflict)

1.8K 103 7
                                    

Each chapter is written in both Zawgyi and Unicode.

[Unicode]

အိပ်ရေးပျက်ထားတာကြောင့် တနေကုန်
စာလည်းကောင်းကောင်း မသင်နိုင်ဘူး..

ဟိုတစ်နေ့သူငယ်ချင်းတွေနဲ့လျှောက်စားထားတာလည်း အခုထိအစာမကြေသေးဘူးထင်တယ်။

ခေါင်းကိုက်တာရော ရင်ပြည့်တာရော
နေထိုင်မကောင်းတာတွေက
တစ်ပြိုင်နက်တည်းလာဖြစ်နေတော့
အစတုန်းက ရသလောက်တောင့်ခံထားပေမယ့်
အားနည်းနေတာ ထိုင်နေတဲ့ စားပွဲပေါ်ကတောင်
ပြုတ်ကျတော့မလိုပဲ..
ဒီကြားထဲ အိမ်သာထဲမှာ အန်ထားတာကိုလည်း
ဘယ်သူမှမရိပ်မိအောင် နေနေရတယ်..
စိတ်ပျက်စရာကောင်းလိုက်တာ

ကျွန်တော် ဘဟ်လောက်ထိ ဆိုးဆိုးဝါးဝါး
ခံစားနေရလဲဘယ်သူမှမသိဘူး..
ကျွန်တော်ကိုယ်တိုင်လည်း ဘယ်သူ့ကိုမှ
စိတ်ပူမနေစေချင်ဘူး..သူငယ်ချင်းတွေက
တစ်ချိန်လုံးမေးနေပေမယ့် အဆင်ပြေတယ်လို့ပဲ
ဟန်ဆောင်ပြုံးပြီး ဖြေနေရတယ်

ညနေ၅နာရီကျော်တော့ ကျွန်တော်တို့
ဥပဒေဌာနကအတန်းတွေပြီးသွားတာနဲ့
သူငယ်ချင်းတွေကstressedတွေလျှော့ဖို့
ကော်ဖီဆိုင်သွားမလားခေါ်ပေမယ့်
ကျွန်တော်က သီချင်းဆိုလေ့ကျင့်ကြမယ်
CtrlSနဲ့တူတူရှိနေရမှာမို့ ငြင်းလိုက်ပြီး
ကျောင်းမှာပဲနေခဲ့လိုက်တာ။

music clubကိုမသွားခင် ထုံးစံအတိုင်းပဲ
clubကလူတွေရော Sarawatအတွက်ရော
နို့ဘူးတွေ မုန့်တွေဝယ်လာခဲ့တယ်။
ဒီနေ့ကျနော့်အတန်းကပဲစောပြီးနေလို့လားမသိဘူး
ဘယ်သူမှမရောက်သေးတာနဲ့ တိတ်တိတ်လေးပဲ
ထိုင်စောင့်နေလိုက်တယ်။

တစ်ယောက်တည်းအထီးကျန်လွန်းလို့
ဖုန်းကိုပဲ အဖော်ပြုနေရတဲ့ အခြေအနေမျိုးတွေ
ကြုံဖူးလား?နေ့ခင်းကဖုန်းခေါ်တုန်းက မကိုင်တော့
ကျနော်Sarawatကိုဖုန်းထပ်မဆက်ဖြစ်တော့ဘူး..
ကျနော်ဖုန်းဆက်လိုက်လို့သူသာထပ်ပြီး ဖုန်းမကိုင်ဘူးဆို ကျနော် တကယ်နာကျင်ရတော့မှာ
ဒါပေမဲ့လည်း ကျနော့်ဖုန်းကိုမကိုင်အားရအောင်ကို
သူဘာတွေလုပ်နေမလဲ ကျနော်သိချင်လိုက်တာ
Pamဆိုတဲ့ အဲ့ဒီ့ကောင်မလေးနဲ့......

2gether(Retelling) *Myanmar Translation*Tempat cerita menjadi hidup. Temukan sekarang