Chapter 24 (conflict)

1.9K 93 2
                                    

Each chapter is written in both Zawgyi and Unicode.

[Unicode]

ကျွန်တော့်ရဲ့ပထမဆုံးချစ်ခဲ့တဲ့
အချစ်ဦးနဲ့လည်း ဘယ်တော့မှ ခွဲသွားကြမှာ
မဟုတ်ဘူးလို့ထင်ခဲ့ပေမယ့်နောက်ဆုံးမှာ
လမ်းခွဲလိုက်ရပြီး နာကျင်ခဲ့ရတာပဲ..
အချစ်ကဘယ်တုန်းကမှ ကျွန်တော်တို့
မျှော်လင့်ထားသလို မဖြစ်လာခဲ့ဘူး...

ကျွန်တော့်ဘဝရဲ့ရည်းစားဦးကောင်မလေးနဲ့
ကွဲကတည်းကစပြီး အချစ်ကိုမယုံကြည်ခဲ့တာ..
လွယ်လွယ်လေးပဲချစ်တယ်..ခဏလေးနဲ့
လမ်းခွဲစကားပြောတယ်။
ဒီနေ့ဒီအချိန်ကလွဲလို့ ကျွန်တော်တစ်စုံတစ်ယောက်ကို
စိတ်ရင်းအမှန်နဲ့မချစ်ခဲ့ဖူးပါဘူး...

ချစ်လိုက်ကွဲလိုက်ဖြစ်ရပ်တွေကို သာမန်လိုပဲ
သဘောထားတဲ့ကျွန်တော်မဟုတ်တော့ဘူး..
ဘယ်သူ့ကိုချစ်ရမယ်မှန်း မသိတဲ့
မချစ်တတ်တဲ့အရင်က Tineမဟုတ်တော့ဘူး..
အခုကျွန်တော့်ကို ကျွန်တော်တောင်
မယုံကြည်နိုင်လောက်အောင်ချစ်ရတဲ့ ချစ်သူ
ရှိနေပြီ..

အရေးမပါတဲ့ စိတ်ခံစားချက်တွေကို
ဒီမှါပဲ အဆုံးသတ်လိုက်မယ်...
ထပ်ပြီးမကောင်းတာတွေကို မတွေးတော့ဘူး
ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောနဲ့နေမယ်..

ဒီအကြောင်းနဲ့ပတ်သက်ပြီးမတွေးတော့ဘူးလို့
ဆုံးဖြတ်ထားတာတောင် ဘာလို့များဆက်ပြီး
ခေါင်းထဲထည့်နေမိသေးတာလဲ....

S : " Tine ဒီနေ့ဘာဖြစ်နေတာလဲ..ဘာလို့ ထူးထူးဆန်းဆန်းတွေမေးနေရတာလဲ ဟမ်"

Sarawatရဲ့ အသံတိုးတိုးက
ကျွန်တော့်အတွေးတွေကနေလှုပ်နှိုးလိုက်ပြီး
လက်ရှိအချိန်ကိုပြန်ဆွဲခေါ်လိုက်သလိုပဲ..

ကျွန်တော်သူ့ရဲ့ အချစ်ဦးအကြောင်းပြောလိုက်ပေမယ့်
ဘယ်သူလဲလို့တော့ ထုတ်မပြောလိုက်မိဘူးမလား...

အကယ်၍များ သူ့အချစ်ဦးက Pamမဟုတ်ခဲ့ရင်ရော..
ကျွန်တော်တွေးမိပြီး ကွက်ခနဲ မျက်နှာပျက်မိပြန်ပြီ

T : "မသိဘူး"

S : " ..............."

T : "ငါအရမ်းပင်ပန်းနေလို့ထင်ပါတယ်"

2gether(Retelling) *Myanmar Translation*Tahanan ng mga kuwento. Tumuklas ngayon