Ep.1(unicode)

48.3K 1.5K 34
                                    

အမှောင်ထုကြီးစိုးနေသောအချိန်ဖြစ်
၍ လမ်းပြင်များတွင်လည်းဓာတ်မီး
တိုင်အလင်းရောင်များသာရှိ၍
ခွေးတစ်ကောင်ပင်မရှိဘဲ တိတ်ဆိတ်နေသည်။

တောင်ကိုရီးယားနိုင်ငံ Aမြို့၏မျက်နှာ
ဖုံးများဖြစ်သည် Jeon မိသားစု၏
အပိုင်ကြီးမားကာ သက်တော်စောင့်
များဖြင့်ပြည့်နေသောခြံ၀င်းကြီး။

ခမ်းနားစွာဆောက်ထားသော
သုံးထပ်အမြင့်ရှိသည့်အိမ်ကြီးမဟာ
ကလည်းကြီးမားကာ ဝံ့ထည်နေသည်။

အိမ်ထဲမှလူများကတော့ အိမ်ကြီး၏
ခမ်းနားမူနှင့်မလိုက်ဖက်စွာရှိနေ
ကြသည်။ကြေကွဲဝမ်းနည်းစရာများ
ဖြင့်ပြည့်လျှံနေသလိုမျိုး...။

"ဒီလိုငိုမနေဘဲ..ကိုယ့်ကိုပြောပြပါ
ကွာ"

အမျိုးသား၏စကားကြောက့်အမျိုးသမီးမှာပို၍ငိုရှိုက်သွား
ကာ သူမအားချော့နေသည့်အမျိုး
သား၏ ရင်ခွင်ထဲခိုဝင်သွားသည်။

"ကျမ..ကျမက..ကလေးမရနိုင်
တော့ဘူးတဲ့..ကိုရယ်..အဟင့်..
ဒေါက်တာကနောက်တစ်ကြိမ်ခင်ပွန်း
နဲ့အတူလာခဲ့ပါတဲ့..ကျမတောင်းပန်ပါ
တယ်ကိုရယ်"

အမျိုးသားဖြစ်သူမှာပထမကတော့
တွေဝေသွားပီး နောက်တော့မှာသူ့စိတ်သူပြန်ထိန်းကာ သူဇနီးအား ပို၍
တင်းကြပ်စွာပွေ့ဖက်လိုက်သည်။

"ရပါတယ်ကွာ ကိုယ်အဆင်ပြေပါတယ်"

၅လပိုင်း၊ဆယ့်ခြောက်ရက်၊နှစ်ထောင့်သုံးခုနှစ်

ထယ်ယောင်း ကားပေါ်မှာစိတ်လှုပ်ရှား
စွာထိုင်နေသည်။ထယ်ယောင်းအသက် သုံးနှစ်သာရှိသေးကာ မိဘမဲ့ဂေဟာမှမွေးစားခံရ၍ မိမိအားမွေးစားသော
အိမ်ထံသွားနေခြင်းဖြစ်သည်။ထယ်ယောင်း၏ဘေးတွင် လူကြီးတစ်ယောက်ထိုင်နေကာ ကွန်ပြူတာ
နှင့်အလုပ်လုပ်နေသည်။ခြံအကြီး
ကြီးရှေ့တစ်ခုရောက်သောအခါ
ထိုဦးလေးကြီးကထယ်ယောင်း၏
လက်အားဆွဲ၍ပြုံးပြကာကားပေါ်မှဆင်းစေသည်။

"သားရဲ့အိမ်ကိုရောက်ပြီ..ဆင်းရအောင်"

ထယ်ယောင်းအိမ်ထဲသို့ခြေချမိသည်
နှင့်အမျိုးသမီးတစ်ဦးပြေးဆင်းလာကာထယ်ယောင်းနားဒူးထောက်၍
ထိုင်ချလိုက်ကာ ထယ်ယောင်း၏
မျက်နှာကိုနူးညံ့စွာကိုင်ထားသည်။

My Alpha(Complete)Where stories live. Discover now